Chapter 208: She's Not Ye Qingran (1)

5.2K 692 30
                                    

UNICODE

မုချင်းရွဲက အိမ်တော်ထိန်းဝမ်ကို နွေးထွေးစွာကြိုဆိုရင်း သူမမိသားစုက အပြင်ထွက်သွားကြောင်း အိမ်မှာ တစ်ယောက်ထဲ ပျင်းရကြောင်း အခု အချိန်ကုန်ဖို့ စကားပြောဖော်ရှိပြီဖြစ်ကြောင်းပြောလာသည်။

သူမက ပြောရင်းနှင့်ပင် အိမ်တော်ထိန်းဝမ်နှင့် စကားပြောတော့သည်။

ဒီနေ့မှ သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတာဖြစ်ကြောင်း ဂုဏ်ပြုစားပွဲကျင်းပချင်ပေမယ့် သူမမိသားစုဝင်က လုပ်စရာရှိလို့ သူမကို အိမ်မှာ တစ်ယောက်ထဲ ထားခဲ့ကြောင်း ပြောတော့သည်။

သူမရဲ့စကားအဆုံးတွင် အိမ်တော်ထိန်းဝမ်က ဒီကိုရောက်နေလို့ သူမက ကံကောင်းကြောင်း သူမကို အဖော်ပြုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလေသည်။

အိမ်တော်ထိန်းဝမ်က အိမ်ကို ကြည့်ရင်း မုချင်းရွဲပြောသည့် မိသားစုဝင်က သူမမိဘဖြစ်မည်ဟု တွေးမိလိုက်သည်။

မုချင်းရွဲ မိသားစုနောက်ခံက မဆိုးလှဘဲ သူမက နွေးထွေးပြီး သိတတ်တဲ့သူလို့ ခံစားမိသွားသည်။ ထို့အတွက်ကြောင့် သူမက မုချင်းရွဲအပေါ်တွင် အမြင်ကောင်းရှိသည်။

သို့ပေမယ့် သူမက မုချင်းရွဲကိစ္စကို စိတ်မဝင်စားပေ။ မုချင်းရွဲ ဆက်မပြောခင်မှာပဲ သူမက အရင်မေးလိုက်သည်။ "မင်းနဲ့ ယဲ့ချင်းရန်က အတန်းဖော်တွေ အိမ်နီးချင်းတွေပဲ။ မင်းတို့တွေ ရင်းနှီးလောက်မယ် မဟုတ်လား?"

မုချင်းရွဲက နေရခက်စွာ ပြုံးလိုက်သည်။ "သမီးတို့... သမီးတို့က အတန်းဖော်တွေ အိမ်နီးချင်းတွေဆိုပေမယ့် အရမ်း ရင်းနှီးတာမျိုးမရှိဘူး"

အိမ်တော်ထိန်းဝမ်က "အို"ဆိုပြီးဟုသာ ပြန်ဖြေပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

မုချင်းရွဲက ထပ်ပြုံးကာ မေးလိုက်သည်။ "ဒါပေမယ့် သမီးနဲ့ အစ်ကိုချူယန်ကတော့ နည်းနည်းရင်းနှီးတယ်။ သူက အလုပ်များတဲ့ပုံပဲ။ သူက နောက်ကျမှ ပြန်ပြန်လာတယ်။ သူ့သူဌေးက သူ့ကို ဖိအား မကြာမကြာပေးတာလားမသိ?"

သူမလေသံထဲမှာ စိုးရိမ်မှု မပါပေ။

သို့ပေမယ့် သူမက ချူယန်ရဲ့ Identity ကို မသိကြောင်း ဖော်ပြထားပြီး သူမက ချူယန်ကို သာမန်ရုံးအလုပ်သမားလို့သာ တွေးထားသည့်ပုံပြထားသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now