Chapter 267: So You're That Asura

3.6K 541 0
                                    

UNICODE

ဒီပုံစံလေးက ချူယန်ကို ကူကယ်ရာမဲ့သလို ခံစားသွားစေရပြီး ရယ်ချင်သွားသည်။ သူက ယဲ့ချင်းရန်ရဲ့ စကားကို ပြန်မဖြေဘဲ မတ်တပ်ရပ်ကာ စာကြည့်ခန်းအပြင်ကို လျှောက်သွားကာ အိပ်ခန်းထဲသို့ ဦးတည်သွားတော့သည်။

ယဲ့ချင်းရန်က သူ့နောက်ကနေလိုက်ပြီး စတော့သည်။ "အဲ့အာဆူရာ ညီမကြားတာတော့လေ အစ်ကိုက အရမ်းကို ရက်စက်ပြီး ကောင်းကင်ကိုတောင် လက်တစ်ဖက်ထဲနဲ့ ကာနိုင်တယ်တဲ့။ အစ်ကိုက တကယ့်လူဆိုးပဲ"

ချူယန် "..."

ယဲ့ချင်းရန်က အရမ်းဆိုးသည်။ သူမက လက်ဆန့်ပြီး သူ့အင်္ကျီကို ဆွဲကာ မျက်နှာကိုပါ ညှစ်လိုက်သည်။ "ကောလဟလတွေကတော့ အဲ့အာဆူရာက အရမ်းရက်စက်ပြီး အကြင်နာမဲ့တယ်တဲ့။ သူက အမှောင်ထဲမှာ ပုန်းနေတဲ့ သေခြင်းနတ်ဘုရားတဲ့။ သူ့သားကောင်ကို ရှာနေချိန်ဆို သူ့မျက်လုံးက တောက်ပနေတာပဲတဲ့။ သူ စိတ်အခြေအနေမကောင်းနေချိန်ဆို သူထွက်လာပြီး ဘယ်သူ့ကိုပဲတွေ့တွေ့ စားတော့တာပဲတဲ့"

ချူယန်က သူမလက်ကိုဆွဲကာ သူမကို တိုက်ရိုက်ပဲ ပင့်ချီကာ သူ့ကိုယ်မှာ သူမကို ဆွဲချိတ်ထားလိုက်သည်။ "ကိုယ်က အကြာကြီးရှာနေပေမယ့် မင်းတစ်ယောက်ကိုပဲ သဘောကျခဲ့တာ"

ယဲ့ချင်းရန်က သူ့လည်ပင်းကို သူမလက်ဖြင့် သိုင်းဖက်ထားသည်။ "အစ်ကိုက တကယ်ပဲ... စကားတတ်တာပဲလား?"

သူမက စကားပြောရင်း သူမနှုတ်ခမ်းက သူ့နှုတ်ခမ်းနှင့် နှစ်စင်တီမီတာ အကွာမှာသာ ရှိတော့ကာ သူတို့အသက်ရှူသံက ရောထွေးနေသည်။ သူတို့နှစ်ဦးက အရမ်းကို နီးကပ်နေကြသည်။

ချူယန်က သူ့နဖူးကို သူမနဖူးဖြင့် ပွတ်လိုက်သည်။ "ကိုယ်က မင်းဆီက သင်ခဲ့တာ ကလေးရဲ့"

ယဲ့ချင်းရန်က မျက်ခုံးပင့်လိုက်သည်။ "အစ်ကိုက ညီမကို အပြစ်တင်နေတာပဲ"

"ကိုယ်က မင်းကို ချစ်တာပါ"

ချူယန်က သူမနှုတ်ခမ်းကို နမ်းလိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။

ယဲ့ချင်းရန်နှင့် ချူယန်ကြားက နွေးထွေးပြီး လိုက်ဖက်ညီသည့် လေထုအငွေ့အသက်က နွေဦးလေညှင်းလိုပင်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now