Chapter 270: She Didn't Expect Either

3.6K 571 6
                                    

UNICODE

ယဲ့ချင်းရန် ဒီစကားပြောချိန်မှာ သူမက ရှေးခေတ်အချိန်က အမြင်ထုတ်ပြခွင့်မရှိတဲ့ ဇနီးလေးလိုပင်။ သူမက အရမ်းဂရုစိုက်ပြီး ယောကျာ်းအပေါ် ဘယ်လို မှီခိုရမလဲဆိုတာ သိသည့်ပုံနှယ်။

သို့ပေမယ့် သူမရဲ့ တည်ငြိမ်သည့်ပုံက ထိုကဲ့သို့ မတူပင်။

ယန်လင်းတောင် မြင်ရသည်။ စီးပွါးရေးလောကမှာ နှစ်တွေအကြာကြီး ကျင်လည်ခဲ့သည့် ပါးပါးယန်က ဘယ်လိုလုပ် မမြင်ပဲ နေမည်လဲ?

သူက ပြုံးနေသည့် ယဲ့ချင်းရန်ကို ကြည့်လိုက်သည်။ သူမမျက်ဝန်းက ကြည်လင်ပြီး တောက်ပ၏။ သူမပုံက ဖြူစင်ပြီး အကြင်နာမဲ့ပုံပေါ်သည်။

ခဏလောက်တုန့်ဆိုင်းနေပြီးမှ သူက ထိုစကားကို မဆက်တော့ပေ။ "အဲ့လိုဆိုရင်လည်း ထားလိုက်တော့ မပြန်ခင် ညစာစားသွားဦး"

ယဲ့ချင်းရန်က ချက်ချင်း ပြန်ဖြေလာသည်။ "ကျွန်မ မရဘူး။ ကျွန်မ အိမ်ပြန်ပြီး ဟင်းချက်ရမယ်။ ကျွန်မတို့ အတူတူရှိထဲက ကျွန်မက သူ့အတွက် ဟင်းချက်ပေးရမယ်လို့ သဘောတူထားပြီးသား။ မဟုတ်ရင် သူက ကျွန်မကို ထားသွားလိမ့်မယ်" (T/N: ဘယ်သူက ဘယ်သူ့ကို ချက်ကျွေးတာ...)

ပါးပါးယန် "..."

ပါးပါးယန်ရဲ့ဆွံ့အမှုနှင့် ယှဉ်လျှင် ယန်လင်းကတော့ ယဲ့ချင်းရန်ရဲ့စကားတွေက ပိုပိုပြီး အဓိပ္ပါယ်မရှိသလို ခံစားရသည်။

"ကျွန်မအစ်ကိုကြီးက အဲ့လိုလူမျိုးမဟုတ်ဘူး"

ဒီမိန်းမက ဆူးတွေနဲ့အပြည့်ပဲ။ သူမလား အချစ်ကြောင့် နှိမ့်ချမှာ။ ချူယန်ကပဲ သူမအပေါ် ကောင်းတာ အသိသာကြီး။ သူမက သူ့အလိုလိုက်မှုကြောင့် ဥပဒေမဲ့ပြီး မောက်မာနေတာ။

ယဲ့ချင်းရန်က ပုခုံးတွန့်ကာ သူမကို အပြုံးခပ်ဖျော့ဖျော့ဖြင့် ကြည့်လိုက်သည်။ သူမက လိုရမယ်ရပြောတာပဲရှိတာ။ သူတို့ကို သူမ မကူညီချင်ပေါင်။

သို့ပေမယ့် သူမပါးစပ်ကနေတော့ "ကျွန်မတကယ်တောင်းပန်ပါတယ်။ တခြားမရှိတော့ဘူးဆိုရင် ကျွန်မ အိမ်ပြန်တော့မယ်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now