Chapter 257: Behind-The-Scenes Villainous Supporting Male Character (1)

3.7K 561 18
                                    

UNICODE

ဝတ္ထုတစ်ပုဒ်၏ တည်ဆောက်ပုံထဲမှာဆို ရက်စက်သည့် အမျိုးသမီးဇာတ်ရန်တွေပါရုံတင်မက ရက်စက်သည့် အမျိုးသားဇာတ်ရန်တွေလည်းပါသည်။

ဤ လျန်ရွဲ ဝတ္ထုလည်း တူညီသည်။

မူရင်းဇာတ်ကြောင်းထဲတွင် အမျိုးသမီးဗီလိန်ဖြစ်သည့် ယဲ့ချင်းရန်နှင့် ချီရွှမ်အပြင် ဇာတ်ကြောင်းတစ်ခုလုံးမှာ ဇာတ်လိုက်တွေကို ဆန့်ကျင်ပြီး သတ်ချင်သည့် ဗီလိန်အမျိုးသားဇာတ်ကောင်လည်း ပါသည်။

သူက နောက်ကွယ်မှာ ပုန်းနေကာ လှည့်ကွက်အမျိုးမျိုးကို ဖန်တီးသည်။

ဤလူကတော့ စုကဲဖေးရဲ့ ဦးလေး စုတျန်ဟန်ဖြစ်သည်။

စုတျန်ဟန်နှင့် စုယီအန်းက အသက်တူတူလောက်ပင်ဖြစ်သည်။ သူက အဖိုးစုရဲ့ အသက်ကြီးပိုင်းမှာ လက်လွတ်စပယ်ဆက်ဆံပြီး ရလာသည့် ရလဒ်ဖြစ်သည်။ မထင်မရှားအနုပညာရှင်နှင့် ရသည့် တရားမဝင်ကလေးဖြစ်သည်။

စုတျန်ဟန်ရဲ့တည်ရှိမှုကို အဖိုးစုသိချိန်မှာတော့ ဒေါသပဲထွက်ခဲ့သည်။

စုတျန်ဟန်ကို အိမ်သို့ပြန်ခေါ်လာပြီးနောက် အဖိုးကြီးက သူ့ကို အရေးမစိုက်ပေ။ ထိုအစား ရည်ရွယ်ချက်ရှိရှိရော ရည်ရွယ်ချက်မရှိဘဲနဲ့ရော သူ့ကို စုမိသားစုကို ပြန်ခေါ်လာတာက စုတျန်ဟန်အတွက် အကြီးမားဆုံးလက်ဆောင်လို့ သတိပေးလေ့ရှိသည်။ စုတျန်ဟန်ကို မကောင်းတဲ့အတွေးမထားဖို့နဲ့ သူမရနိုင်တဲ့ကိစ္စကို မမျှော်လင့်ဖို့ ပြောလေ့ရှိသည်။

ဥပမာဆိုရလျှင် စုမိသားစု၏ ဆက်ခံသူနေရာဖြစ်သည်။

ကြင်နာမှုမရှိ ဖိနှိပ်မှုတွေနှင့် ကြီးပြင်းလာသည့် စုတျန်ဟန်ရဲ့ စိတ်ပိုင်းဆိုင်ရာက အလွဲအမှားတွေဖြစ်လာသည်။

အဖိုးစု အရမ်းချစ်သည့် စုယီအန်းကို မနာလိုဖြစ်သည်။ စုယီအန်ကို အားကျသလို မုန်းလည်း မုန်းသည်။

သူ့စိတ်ထဲမှာ စုယီအန်းက သူ့ရဲ့အကြီးမားဆုံး ရန်သူလို့ သတ်မှတ်ထားတာဖြစ်သည်။

သူ့ဘဝရဲ့ ပန်းတိုင်က စုယီအန်းကို ဖိနှိပ်ပြီး စုမိသားစုရဲ့ ဆက်ခံသူဖြစ်လာကာ အဖိုးစုမျက်နှာကို ဖြတ်ရိုက်နိုင်ဖို့ပဲဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now