Chapter 260: Mu Qingxue's Bargaining Chip (2)

3.6K 567 8
                                    

UNICODE

လူတိုင်းက မှင်သက်သွားပြီး အချင်းချင်း တီးတိုးဆိုကြတော့သည်။

"မစ္စတာစုလေး ပြောတာက ဘာလဲ? ဥက္ကဌစုမိသားစုက သခင်ကြီးစုနဲ့ သွေးသားမတော်စပ်ဘူးလား? ငါ ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်လား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါကြားတာတော့ မစ္စတာစုလေးနဲ့ ဥက္ကဌစုက အမြဲ ဆက်ဆံရေးဆိုးရွားနေတာတဲ့? တမင်လုပ်တာများလား?"
"ပြောဖို့ခက်တယ်။ အရင်တုန်းက မစ္စတာစုနဲ့ သခင်ကြီးစုက ရုပ်ချင်းမတူဘူးလို့ ငါကြားတယ်"

"စေ့စပ်ပွဲမှာ ဒီလိုကြားရမယ်လို့ ငါမထင်ထားခဲ့ဘူး"
စုတျန်ဟန်က ထိုစကားပြောလာမယ်လို့ သခင်ကြီးစုက မထင်ထားခဲ့ပေ။

အရမ်းကို ဒေါသထွက်လွန်းလို့ နှလုံးရှော့ခ်ရမတတ်ဖြစ်သွားသည်။

စုယီအန်းက အဖိုးစုကို ကြည့်နေကာ သူနာကျင်နေတာကို မြင်လိုက်သည်။ နောက်တစ်စက္ကန့်မှာ သူမေ့လဲကျတော့မလို ခြေတစ်လှမ်းဆုတ်မိသွားသည်။

သူက ချက်ချင်း ရှေ့တိုးကာ သူ့ကို တွဲပေးလိုက်သည်။ "အဖိုး"

ယခုအခြေအနေကို ယဲ့ချင်းရန်လည်း ကြောင်အနေသည်။

စုယီအန်းက စုမိသားစုရဲ့ ကလေးမဟုတ်ဘူး။ ဒါက မူရင်းဝတ္ထုထဲတွင် မဖော်ပြထားပေ။

မုချင်းရွဲက စုယီအန်းနှင့် အချိန်အကြာကြီးရှိခဲ့လို့ စုယီအန်းရဲ့ လျှို့ဝှက်ချက်တစ်ချက်တစ်ချို့ကို သိနေမယ်လို့ သူမ အရင်က သံသယဖြစ်မိခဲ့သည်။

ထို့ကြောင့် ဒီလျှို့ဝှက်ချက်ဖြင့် စုတျန်ဟန်နှင့် ပူးပေါင်းခဲ့တာဖြစ်မည်။

အခု ကြည့်ရတာ ဒီလျှို့ဝှက်ချက်က စုယီအန်းရဲ့ နောက်ခံနှင့် ပတ်သက်တာဖြစ်မည်နှင့် တူသည်။

ဒီလိုဆိုရင်တော့ ဒီနေ့ စေ့စပ်ပွဲဆက်ကျင်းပဖို့ မဖြစ်နိုင်တော့ပေ။

ပါးပါးစုက စိတ်ဆိုးတကြီးပြောလာသည်။ "စုတျန်ဟန် မင်းက တကယ့်ကို အင်မတန် မဆင်မခြင်နိုင်တာပဲ။ ပုံမှန်ဆို မင်း ဘယ်လိုပဲ ပြဿနာရှာရှာ ငါတို့မိသားစုက မင်းကို သည်းခံခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ မင်းကို အလွတ်မပေးတော့ဘူး"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now