Chapter 246: Liking The Same Man (2)

4.1K 639 6
                                    

UNICODE

"ဟယ်-ဟယ်လို"

တျန်တျန်က မျက်လုံးအပြူးသားနှင့် ယဲ့ချင်းရန်ကို ကြည့်နေသည်။

ထိုနေ့က စားသောက်ဆိုင်မှာ သူတို့နှစ်ဦးရဲ့နေရာက တော်တော်လေးဝေးကွာသော်လည်း သူမရှေ့ရှိ အမျိုးသမီးက သေချာပေါက် ထိုအမျိုးသမီးဖြစ်သည်။

ပြီးခဲ့တဲ့တစ်ခေါက်က ဤအမျိုးသမီးကို သူမြင်ချိန်မှာ ရင်းနှီးနေတာ မထူးဆန်းတော့ပေ။ ကဲဖေးက ဤအမျိုးသမီးကို ကျောင်းမှာ စကားပြောနေတုန်းက အဝေးကနေ မြင်ဖူးတာဖြစ်သည်။

ပြီးနောက် သူမက စုကဲဖေးကို ကြည့်လိုက်သည်။

ကဲဖေးက ဘာလို့ ဒီအမျိုးသမီးနဲ့ရှိနေတာလဲ? ဘာတွေဖြစ်ကုန်တာလဲ? ဘာတွေဖြစ်နေတာလဲ?

စုကဲဖေးက မျက်မှောင်နည်းနည်းကြုတ်သွားပြီး တျန်တျန်အားမေးလာသည်။ "တျန်တျန် ယဲ့ချင်းရန်ကို ဘာလို့ အဲ့လိုစိုက်ကြည့်နေတာလဲ? နင်တို့နှစ်ယောက် သိကြလို့လား?"

ယဲ့ချင်းရန်လည်း မေးလာသည်။ "ငါတို့ အရင်က ဆုံဖူးလို့လား?"

ခဏလောက် တျန်တျန်က ဘယ်လိုပြန်ဖြေရမလဲဆိုတာ မသိတော့ပေ။

ဤအမျိုးသမီးက ထိုသူရဲ့ချစ်သူကောင်မလေးဖြစ်သည်။ သို့ပေမယ့် သူမက စုကဲဖေးကို ဘယ်လိုပြောပြရမလဲ။

သူမ အကြာကြီးတိတ်ဆိတ်နေတာကို စုကဲဖေးမြင်တော့ သူမက လက်ဆန့်ပြီး သူမကိုယ်ကို လှုပ်လိုက်သည်။ "ဘာဖြစ်နေတာလဲ? နင်က ထူးထူးဆန်းဆန်းကြီးတွေလုပ်နေတယ်"

သူမက ရယ်ပြီးစလိုက်သည်။ "နင်သဘောကျတဲ့ယောကျာ်းရော နင်သဘောကျတဲ့မိန်းမရောက ယဲ့ချင်းရန်ပဲလို့တော့ ငါ့ကို မပြောနဲ့နော်"

တျန်တျန်က စုကဲဖေးကို အံံအားတကြီဂကြည့်လိုက်သည်။ သူမကသာ အဲ့စကားပြောရမယ့်သူလို့ သူမတကယ်ပြန်ပြောချင်နေသည်။

စုကဲဖေးက သူမကို ဒီလိုမြင်တော့ သူမအတွေးမှန်တယ်လို့ ထင်မိသွားသည်။

သူမလည်း ထိတ်လန့်သွားသည်။ "မဖြစ်နိုင်တာ"

လေထုအခြေအနေငြိမ်သက်အောင် သူမစလိုက်ရုံသာဖြစ်ပေမယ့် သူမစကားက မှန်မယ်လို့ မထင်ထားပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now