Chapter 216: The Hunter And The Prey (2)

5.4K 851 76
                                    

UNICODE

ချူယန်က အနည်းငယ် မျက်မှောင်ကျုံ့သွားပေမယ့် မလှုပ်ရှားပေ။

မုချင်းရွဲက ဆက်ပြီး အသနားခံသည်။ "အစ်ကို့အတွက် ပြဿနာများမယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမယ့် ညီမ သွားစရာနေရာမရှိဘူး။ ညီမပြန်သွားရင် သေအောင် အရိုက်ခံရမှာ။ သူက မူးလာရင် သွေးဆိုးတယ်။ ညီမ သူ့ကို ကြောက်တယ်။ ညီမ သူ့ကို တကယ်ကြောက်တယ်"

သူမက စကားပြောရင်း မျက်ရည်တွေက အဆက်မပြတ်စီးကျနေသည်။

သူမအစီအစဉ်က အရမ်းကို ရှင်းလင်းသည်။ ပထမအဆင့်အနေနဲ့ သူမကို ချူယန်က အခန်းထဲ ပေးဝင်စေမည်။

သူမ အခန်းထဲကို ဝင်ရသရွေ့ ဒုတိယအဆင့်ကို စဖို့ နည်းလမ်းရှိပြီ။

ဒါပေါ့ နောက်ဆုံးပန်းတိုင်ကတော့ သူမကိုယ်မှာ ဒဏ်ရာတွေရှိနေတော့ သူမ အဝတ်အစားချွတ်ဖို့လိုသည်။ သူမအတွက် ချူယန်ကို ဆေးလိမ်းခိုင်းမည်။ (T/N: ကမက ဖာသာသာပဲနော်)

သူမ မလာခင် နာကျင်မှုကို အောင့်ခံပြီး သူမ ကျောမှာ ဒဏ်ရာသေးသေးလေးတွေ ဖန်တီးခဲ့သည်။

သူမက ချူယန်ကို လုံးဝအရူးလုပ်နိုင်မည်။

"ကျေးဇူးပြုပြီး အစ်ကိုချူယန် အဲ့နေ့က ညီမ အန်တီဝမ်ကို ကူညီခဲ့တာကို ထောက်ထားပြီး ညီမကို အထဲဝင်ခွင့်ပေးပြီး ပုန်းခွင့်ပေးပါ။ သူထွက်လာရင် ညီမကို ထိုး ကန်မှာကို ညီမကြောက်တယ်"

မုချင်းရွဲ မျက်လုံးမှာ မျက်ရည်တွေပြည့်နေပြီး သနားစရာကောင်းနေသည်။ "အစ်ကိုချူယန် ကျေးဇူးပြုပြီးတော့..."

သူမကို စိတ်ကောင်းနှလုံးကောင်းဝင်ပြီး နူးညံ့စွာ ဂရုစိုက်နေသည့် ချူယန်က ရုတ်တရက် အမူအရာပြောင်းသွားသည်။ သူက ထပ်ပြောလာကာ သူ့အသံက နှင်းတမျှ အေးစက်နေသည်။ "ငါ မျက်စိကန်းနေတယ်လို့ မင်းထင်နေတာလား?"

ပြောပြီးတာနှင့် တံခါးဆောင့်ပိတ်လိုက်သည်။

အပြင်မှာ တံခါးအပိတ်ခံလိုက်ရတဲ့ မုချင်းရွဲက ကြောင်သွားသည်။ သူ့အမူအရာ ရုတ်တရက်ပြောင်းသွားတာကို ထိတ်လန့်တကြားဖြင့် ကြည့်လာသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now