Chapter 242: They Are a Pair (2)

4.1K 638 34
                                    

UNICODE

"ငါ မြို့တော်ကိုလာနေတာ။ အစ်ကိုကြီးလည်း မြို့တော်မှာ ရုံးခွဲဖွင့်ဖို့အတွက် လာနေပြီ။ အိမ်လည်း ပြင်ထားပြီးပြီ။ နောက်ဆို ကျောင်းမှာ မင်းနေစရာမလိုတော့ဘူး။ အိမ်တန်းပြန်လာရုံပဲ"

ယဲ့ချန်းဖုန်းက ပြောနေချိန်မှာ ယဲ့ချင်းရန်က သူမနဖူးကို ပွတ်လိုက်သည်။ "ကောင်းပြီ ညီမသိပြီ"

ယဲ့ချန်းဖုန်းနဲ့ ခဏလောက်စကားပြောပြီးနောက် ယဲ့ချင်းရန်က ဖုန်းချလိုက်သည်။ ပြီးနောက် ချူယန်အား ကူကယ်ရာမဲ့သည့်ပုံဖြင့် ကြည့်လာသည်။

သူတို့နှစ်ယောက်က အရမ်းနီးကပ်နေသည့်အတွက် တစ်ဖက်မှပြောသည့်စကားတွေအား ချူယန် ကောင်းကောင်းကြားရသည်။

ချူယန်က သူမကို ကြည့်ပြီး "အဲ့နေ့ မင်းအစ်ကို အားတယ်ဆိုရင် သူ့ကို ညစာဖိတ်ကျွေးရအောင်"

ယဲ့ချင်းရန်က အူတိအူကြောင်ဖြင့် မေးလာသည်။ "အစ်ကိုက သူတို့ကို တိုက်ရိုက်ပြောပြတော့ဖို့လား?"

"ဟုတ်တယ်" ချူယန်က ခေါင်းညိတ်ပြီး သူမနဖူးကို နမ်းလိုက်သည်။ "ကိုယ်က မင်းအပိုင်ဆိုတာ လူတိုင်းကို သိစေချင်ပြီ။ မင်းက ကိုယ့်ကို တာဝန်ယူရတော့မယ်"

"ဒီတစ်ကြိမ် အစ်ကိုက ညီမပြောရမယ့်စကားကို ခိုးပြန်ပြီ"

"မင်းကပဲ ကိုယ့်စကားကို အမြဲတမ်းခိုးနေလို့မှ မရတာ ဟုတ်တယ်မလား?"

ချူယန်က ပြောရင်း သူမနှုတ်ခမ်းကို နက်ရှိုင်းစွာဖြင့် အနမ်းချွေလာသည်။

နောက်တစ်နေ့ ယဲ့ချင်းရန်က ယဲ့ချန်းဖုန်းနှင့် ဆုံလေသည်။

မုန့်ဆိုင်က နွေးထွေးသည့်အရောင်ဖြင့် ခြယ်သထားသည်။ ချိုအီသည့် ခရင်မ်ရနံ့က နေရာတိုင်းပျံ့နေလို့ လူတွေကို နွေးထွေးပြီး ချိုမြိန်သည့်ခံစားချက်အား ပေးစွမ်းနေသည်။

"ဘေဘေက ငါ့ကိုပြောတယ်။ ဒီမုန့်ဆိုင်က အရမ်းအရသာရှိတာဲ့။ ငါ မင်းအကြိုက်မုန့်နည်းနည်းမှာထားတယ်။ သူတို့ရဲ့ အထူးမုန့်တွေလို့လည်း ပြောလို့ရတယ်"

စားပွဲအပြည့်မုန့်တွေကို ယဲ့ချင်းရန်ကြည့်မိလိုက်သည်။ စုစုပေါင်း ၁၀ခုကျော်မည်။ "အများကြီးပဲ။ ညီမမကုန်ဘူးလေ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now