Chapter 291: Strange Obsession

3.1K 412 6
                                    

UNICODE

မုချင်းရွဲ ပျောက်ဆုံးနေသည့်အချိန်အတွင်းမှာ စုတျန်ဟန်က သူမကို ရှာတာကို လက်မလျှော့ခဲ့ပေ။ သူမကိုရှာဖို့အတွက် လူတွေကို ဖြန့်ကျက်ထားသည်။ ထို့ကြောင့် မုချင်းရွဲ ပေါ်လာချိန်မှာ စုတျန်ဟန်က သူ့လက်အောက်ငယ်သားဆီမှ ဖုန်းလက်ခံရရှိလေသည်။

ဤအချိန်မှာ ကောင်းကင်က မမှောင်သေးပေ။ သို့ပေမယ့် မိုးကရွာနေသည်။ လျှပ်စီးလပ်ကာ မိုးခြိမ်းနေကာ ကောင်းကင်ကြီးက ပြိုကျတော့မလိုပင်။

စုတျန်ဟန်က တစ်စက္ကန့်လေးတောင် မရပ်ဘဲ ချက်ချင်း မုချင်းရွဲကို သွားကြိုဖို့ ပြင်ဆင်တော့သည်။

သူနှင့် မုချင်းရွဲက အကျိုးအမြတ်အတွက် ပေါင်းစည်းထားတာဖြစ်သည်။ အစီအစဉ်၏ လမ်းတစ်ဝက်ပဲရှိနေသေးသည်။ သူက မုချင်းရွဲကို လိုနေသေးသည်။ ထို့ကြောင့် သူက မုချင်းရွဲအပေါ် လက်မလျှော့နိုင်ပေ။

ကားက မိုးသက်မုန်တိုင်းထဲ မြန်မြန်မသွားနိုင်ပေ။ လမ်းက အနည်းငယ်ကျပ်နေကာ လမ်းလျှောက်ဖို့တောင် မလွယ်ပေ။ သို့ပေမယ့် မိုးစက်တွေက မှန်ပြတင်းပေါက်ကို ရိုက်ခပ်နေသည့်အသံက ပိုင်ရှင်၏ စိုးရိမ်နေသည့် နှလုံးသားကို ပိုပြီး ခံစားရအောင် လုပ်နေသလိုပင်။

ဘယ်လောက်ကြာသွားမှန်းမသိအောင် မောင်းပြီးချိန်မှာတော့ မိုးရေထဲ ဝေဝါးပြီး ရင်းနှီးနေသည့် ပုံရိပ်ကို နောက်ဆုံးမှာ မြင်လိုက်ရပြီဖြစ်သည်။

သူမက မိုးသည်းထဲမှာ ငေးကြောင်ကြောင်ဖြင့် လမ်းလျှောက်နေသည်။ သူ့လက်အောက်ငယ်သားတွေက ထီးကိုင်ပြီး သူမနောက်ကနေ ခက်ခဲစွာလိုက်နေရသည်။ သို့ပေမယ့် သူမက ဘာကိုမှ သတိပြုမိပုံမပေါ်ဘဲ ဗလာဟင်းလင်းဖြစ်နေသည့် အမူအရာဖြင့် လမ်းလျှောက်နေသည်။

အပြင်မှာ မိုးက အရမ်းကို သည်းလွန်းသည်။ စုတျန်ဟန်က ကားပေါ်ကနေ ချက်ချင်းမဆင်းဘဲ လမ်းဘေးမှာ ကားရပ်ပြီး ပြတင်းပေါက်ကို ချလိုက်သည်။ အပြင်ရှိ မုချင်းရွဲအား လှမ်းအော်ခေါ်လေသည်။ "ချင်းရွဲ ကားထဲ မြန်မြန်ဝင်"

မုချင်းရွဲက ယဲ့ချင်းရန်ပြောသည့်စကားတွေက အလိမ်အညာတွေဆိုပြီး သူမကိုယ်သူမ လက်ခံယုံကြည်အောင် လုပ်နေလေသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now