Chapter 256: Special Engagement Party (2)

4K 603 13
                                    

UNICODE

သူမက လအရှင်ဖြစ်သွားပြီး စုယီအန်းနှင့် ချီရွှမ်ရဲ့ကြားထဲ ပေါင်းကူးတံတားလေး ဆောက်မိပေးသလိုဖြစ်သွားတယ်လို့ မထင်ထားခဲ့ပေ။

အရင်ကသာဆိုရင်တော့ ချီရွှမ်ကို စုယီအန်းလှည့်စားတာ မခံဖို့ သေချာပေါက် အကြံပေးမည်ဖြစ်သည်။ သူက အမျိုးသားဇာတ်လိုက်ဖြစ်ပြီးတော့ အဆုံးသတ်မှာ ဇာတ်လိုက်မနှင့် ကံကြမ္မာပါသည့်သူဖြစ်သည်။

သို့ပေမယ့်လည်း အရာတွေအများကြီးဖြစ်ခဲ့ပြီးတော့ အခု ဇာတ်လိုက်ကလည်း ဇာတ်လိုက်မနှင့် မရှိနေပေ။ ထို့အပြင် အစထဲမှ လူတိုင်းက ဇာတ်လိုက်မကို သဘောကျနေတာမဟုတ်သလို သူမနှင့် မခွဲနိုင်မခွါနိုင်လည်း မဖြစ်နိုင်ပေ။

ဖြစ်နိုင်တာကတော့ ချီရွှမ်နှင့် စုယီအန်းက အတူတကွပျော်ရွှင်လိမ့်မည်ဖြစ်သည်။

ပြီးတော့ သူက ဇာတ်လိုက်ဖြစ်သည်။ စုယီအန်းရဲ့ ဇာတ်ကောင်ပုံစံက သူချစ်မိသွားသရွေ့ သူတို့အတူထာဝရနေနိုင်သွားမည်ဖြစ်သည်။

အခု စုယီအန်းချစ်တဲ့သူက ချီရွှမ်ဖြစ်လို့ သဘာဝကျစွာနှင့်ပင် သူက ချီရွှမ်ကို ထာဝရချစ်သွားလိမ့်မည်ဖြစ်သည်။

ဒီနေ့ပဲ သောကြာနေ့ဖြစ်ပြီဖြစ်သည်။ စေ့စပ်ပွဲက နောက်သုံးရက်နေရင် ရောက်ပြီဖြစ်သည်။

ပြီးခဲ့သည့်သုံးရက်အတွင်း ယဲ့ချင်းရန်က သူမဦးနှောက်ကို အလုပ်ပေးပေမယ့် ချီရွှမ်ကို ဘာပေးရမလဲဆိုတာ သူမ မစဉ်းစားနိုင်ဖြစ်နေတုန်းပင်။ အဆုံးမှာတော့ စာအိတ်နီအကြီးကြီးပေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

စေ့စပ်ပွဲနေ့တွင် ယဲ့ချင်းရန်က Suit ဝတ်ပြီး ချူရုန်ရုန်ကို ခေါ်ကာ စေ့စပ်ပွဲကျင်းပရာ ခန်းမသို့ သွားတော့သည်။

စုနှင့် ချီမိသားစု၏ စေ့စပ်ပွဲမှာ အရမ်းကို ခမ်းနားလွန်းလှသည်။ ပွဲခန်းမကြီးမှာ ပွဲမစခင်ထဲက လူတွေဖြင့် ပြည့်နေပြီဖြစ်သည်။

စုကဲဖေးက သူမရဲ့ပုံမှန်ပုံရိပ်ဖြစ်သည့် အလိုလိုက်ခံရသည့် သခင်မလေးပုံစံ ပြောင်းထားပြီဖြစ်သည်။ သူမက သူမမိဘနှင့် အကြီးအကဲတွေနောက်လိုက်ပြီး ဧည့်သည်တွေကို အရမ်းယဉ်ကျေးစွာ နှုတ်ဆက်တော့သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now