Chapter 243: Should Give up and Want to Give up (1)

4.1K 667 3
                                    

UNICODE

သူမပြောတာ ယဲ့ချန်းဖုန်းနားလည်လား နားမလည်လားဆိုတာ မုချင်းရွဲ ဂရုမစိုက်ပေ။ သူမပြောဖို့လိုတာ ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

သူမနားနေခန်းကနေထွက်ပြီးတာနှင့် မြို့တော်မှ ထွက်ခွါမည့်လေယာဉ်ပေါ်ကိုမတက်ဘဲ လေဆိပ်ကနေထွက်သွားတာဖြစ်သည်။

ကားထဲမှာ ထိုင်ရင်း မုချင်းရွဲ မျက်ဝန်းက အေးစက်နေသည်။

ကောင်းမွန်တဲ့ရလဒ်ကို ရရှိဖို့ သူမ အရမ်းချေးများနေဖို့ မလိုပေ။

ယဲ့ချန်းဖုန်းက သူမကို မယုံရင်တောင်မှ သူပြန်ပြီးစဉ်းစားကာ ယခုယဲ့ချင်းရန်နှင့် အရင်က ယဲ့ချင်းရန်၏ ကွာခြားချက်ကို စစူးစမ်းတော့မည်ဆိုတာ သူမယုံကြည်သည်။

သံသယမျိုးစေ့ကို စိုက်ပျိုးလိုက်ပြီဖြစ်သည်။

သံသယပြီးရင် အမှန်တရားလည်း ထွက်ပေါ်လာလိမ့်မည်။

ယဲ့မိသားစုက ဘုရားသခင်သာသိမည့် အထီးကျန်တစ္စေကို လက်ခံလိမ့်မည်မဟုတ်ဆိုတာကို သူမယုံကြည်သည်။

ယဲ့ချင်းရန် ပျောက်ကွယ်သွားသရွေ့ သူမက ဇာတ်လိုက်မဖြစ်နေဦးမည်။

သူမက အတိတ်ကို ပြန်သွားနိုင်ပြီး သူမနှင့် ထိုက်တန်သည့်အရာအားလုံး ရရှိလိမ့်မည်။

မုချင်းရွဲက သူမအိတ်ထဲမှ မဟော်ဂနီအပြားလေးကို ထုတ်လိုက်သည်။ သူမက ဤအဆောင်ကို နာမည်ကြီးဘုန်းကြီးတစ်ပါးထံမှ ရရှိလာတာဖြစ်သည်။ ဤအဆောင်က သူမကို ယဲ့ချင်းရန်ကိုယ်ထဲဝင်နေသည့် တစ္စေလက်မှ ကာကွယ်ပေးမည်ဖြစ်သည်။

ယဲ့ချင်းရန်က သူမအား နာကျင်စေရန် တခြားသူတွေကို အတင်းအကြပ်ခိုင်းစေနိုင်ခြင်း မရှိတော့ပေ။

အထူးသဖြင့် ချူယန်ဖြစ်သည်။ သူက အလိမ်ခံရ အသုံးချခံရပြီး ထိုတစ္စေရဲ့ ဦးနှောက်ဆေးထားခြင်းကို ခံထားရသည်ကို သူသိချိန်မှာ သူက တခြားသူတွေထက် ယဲ့ချင်းရန်ကို ပိုပြီး သတ်ချင်မှာ သေချာသည်။

သူမကိုယ်သူမ ကာကွယ်ဖို့ပဲ လိုသည်။ သူမကိုယ်သူ ကာကွယ်ဖို့ပဲ လိုသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now