Chapter 293: Return to the Original World

3.7K 476 16
                                    

UNICODE

ကမ္ဘာကြီးက ချာချာလည်နေသည်။ သူမရှေ့ရှိအရာတိုင်းက ရွဲ့စောင်းနေပြီး သူမ ပါးစပ်ထဲမှ အသံတစ်ခုမှ မထွက်နိုင်နေတာကို ယဲ့ချင်းရန်ခံစားမိသည်။ သူမလုံးဝ သတိမလွတ်သွားခင်မှာ သူမနာမည်ကို အသားကုန်အော်ခေါ်နေသည့် ချူယန်အသံကို ရေးရေးလေးကြားလိုက်ရသလို "မင်း ကိုယ့်ကို ကတိပေးထားတယ်လေ..." ဆိုသည့် မေးခွန်းထုတ်သံကို ကြားလိုက်ရသလိုပင်။ သူမက သူ့အား ဘယ်တော့မှ မထားသွားဘဲ သူ့ဘေးမှာ ထာဝရနေမယ်လို့ ကတိပေးခဲ့ပေမယ့် အဆုံးမှာတော့ သူမက ဒီလို ထွက်သွားနေရတုန်းပင်။ သူ့ကမ္ဘာကနေ တိုက်ရိုက် ပျောက်ကွယ်သွားရသည်။

အရာတိုင်းက မှောင်မည်းနေသည်။ ချူယန်ကလည်း သူမမြင်ကွင်းကနေ ပျောက်သွားသလို သူမကလည်း ဘာမှ မကြားရတော့ပေ။

လွင့်မျောနေသလို ခံစားနေရ၏။ အမှောင်ထုကို ခဏတာလောက် ခံစားပြီးနောက် အိပ်မက်ကနေ နိုးထလာသလို ခံစားလိုက်ရသည်။ သူမမျက်နှာထက်ရှိ VR မျက်မှန်ကို ပင့်တင်လိုက်တော့ သူမအခန်းထဲ ပြန်ရောက်နေတာကို တွေ့ရှိလိုက်ရသည်။

သူမ စာအုပ်ထဲဝင်ပြီးနောက် အခန်းမဟုတ်ဘဲ စာအုပ်ထဲ မဝင်ခင်တုန်းက သူမအခန်းဖြစ်နေသည်။

အနက်ရောင် စကျင်ကျောက်၊ အဖြူရောင်နံရံ၊ လက်ရာမြောက်သည့် Crystal မီးအိမ်တွေ၊ အနုစိတ်ထွင်းထားသည့် စာအုပ်စင်၊ နံရံတစ်ခုလုံးအပြည့် LCD Screen နဲ့ ဒါဇင်နှင့်ချီသည့် ကွန်ပြူတာတွေ။ ဒါက သူမရဲ့ စာကြည့်ခန်းပင်။

အခန်းအလယ်ရှိ Screen အကြီးဆုံးနှင့် ကွန်ပြူတာက ကွဲအက်နေပြီဖြစ်ကာ မျိုးစုံသော Data တွေက ပေါ်ထွက်နေသည်။

ဖြတ်ပြေးသွားသလိုမျိုး ယဲ့ချင်းရန်စိတ်ထဲ အရာအများကြီး ဝင်ရောက်လာသည်။

ရင်းနှီးသည့်ပုံရိပ်ရော မရင်းနှီးသည့် ပုံရိပ်ရော သူမစိတ်ထဲ ရုတ်တရက် ဝင်လာကာ သူမ ချက်ချင်းနားလည်သွားသည်။ ယဲ့ချင်းရန်က ချက်ချင်း ရှေ့သို့ ရွှေ့လိုက်ပေမယ့် သူမရွှေ့လိုက်ချိန်မှာ ပြင်းထန်သည့် မူးဝေခြင်းကို ခံစားလိုက်ရသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now