Chapter 247: The Harasser (1)

4.2K 698 22
                                    

UNICODE

အချစ်တွေက ဧည့်ခန်းကနေမှ အိပ်ခန်း၊ ဆိုဖာကနေမှ အိပ်ယာအကြီးသို့... အဆုံးမှာတော့ ယဲ့ချင်းရန်က မောသွားပြီး ချူယန်လက်မောင်းထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

မိုးကုတ်စက်ဝိုင်းမှာ ငွေရောင်အလင်းတန်းပေါ်လာသည်။ ယဲ့ချင်းရန် အိပ်ပျော်နေရာကနေ ယောက်ယက်ခက်လာ၏။ သူမအိပ်မက်မက်နေသည်။ အိပ်မက်ထဲတွင် ရှုပ်ထွေးနေသည့် မြင်ကွင်းတွေက ထပ်ပေါ်လာ၏။

ရင်းနှီးပေမယ့် မရင်းနှီးသလို

ချိုမြိန်ပေမယ့် နာကျင်ရသလို။

အရမ်းကို ရှင်းလင်းပေမယ့် ဘာမှလည်း မခံစားရဖြစ်နေသည်။

ယဲ့ချင်းရန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူမဖုန်းမြည်သံ သူမနားထဲ ကြားနေသည်။ Alarm မြည်တာမဟုတ်ဘဲ ဖုန်းလာနေတာဖြစ်သည်။

ချူယန်က မနက်ဆို အပြေးလေ့ကျင့်တတ်တဲ့ အကျင့်ရှိသည်။ မတော်တဆတစ်ခုခုမရှိရင် မနက်ဆို ၇နာရီထပြီး မနက်ခင်းတစ်နာရီ အပြေးလေ့ကျင့်သည်။

အခု သူမဘေးမှာ ဘယ်သူမှမရှိဘူးဆိုတော့ ၇နာရီကျော်လောက်ပြီဖြစ်သည်။

အိပ်ယာဘေးစားပွဲပေါ်တင်ထားသည့် ဖုန်းက မြည်နေတုန်းမို့လို့ ယဲ့ချင်းရန်က လှမ်းယူလိုက်သည်။

သူမရဲ့အပေါစားအဖေ ဖုန်းခေါ်တာဖြစ်သည်။

"သမီးလေး မထသေးဘူးလား? သမီးအစ်ကိုကြီးနဲ့ ပါးနဲ့က သမီးကျောင်းနဲ့ သိပ်မဝေးတဲ့နေရာက စားသောက်ဆိုင်မှာ မနက်စာစားနေတယ်။ သမီးလာချင်လား? သမီးမှာ အချိန်မရှိရင် ပါးတို့ လာပို့ပေးမယ်လေ" ယဲ့ကျွင်းအသံက ဖုန်းတစ်ဖက်ကနေ ထွက်လာသည်။

"သမီးကျောင်းမှာ မဟုတ်ဘူး" ယဲ့ချင်းရန်က တိုက်ရိုက်ပဲ ပြန်ဖြေလာသည်။

"ကျောင်းမှာမဟုတ်ဘူး။ ဒါဆို သမီးက ဘယ်မှာလဲ? တစ်ခုခုဖြစ်လို့လား?" ယဲ့ကျွင်းအသံက အနည်းငယ် ပူပန်နေတာကို သိသာသည်။

"ဘာမှမဖြစ်ဘူး။ သမီးအဆင်ပြေတယ်။ ဒါပေမယ့် ကျောင်းမှာ မနေဘူး။ ဒီနေ့ နေ့လည်စာ တူတူစားရအောင်။ ပြီးကျရင် အသေးစိတ်ပြောပြမယ်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now