Chapter 262: A Love That Can't Continue (2)

3.6K 557 8
                                    

UNICODE

ယဲ့ချင်းရန်၏ အရိပ်က သူမနှလုံးသားထဲတွင် ရှိနေသည်။

သူမက ယဲ့ချင်းရန်၏ တည်ရှိမှုကို သည်းမခံနိုင်တာကြောင့်ဖြစ်လိမ့်မည်။

ယဲ့ချင်းရန် ပြောသည့် စကားကို သူမကြားချိန်မှာတော့ ယဲ့ချင်းရန်က တိုက်ရေးခိုက်ရေး ဘယ်လောက်ကောင်းလဲဆိုတာ သူမ အမှတ်ရသွားသည်။ လူကောင်ကြီးကြီး ယောကျာ်းတွေတောင်မှ သူမရဲ့ ပြိုင်ဘက်မဟုတ်ပေ။

ထားလိုက်တော့ အခုချိန်က ယဲ့ချင်းရန်ကို ဆန့်ကျင်ဖို့ ကောင်းတဲ့ အချိန်မဟုတ်သေးဘူး။

အနာဂတ်မှာ။

အနာဂတ်မှာ သူမက ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးနှင့် အတိတ်မှာ သူမခံစားခဲ့ရသည့် မကျေနပ်ချက်တွေ အကုန်လုံးကိုပေါင်းပြီး ယဲ့ချင်းရန်ကို သေချာပေါက် လက်စားပြန်ချေမည်။

မုချင်းရွဲက သူတို့နှင့် အဝေးကို လျှောက်သွားတာမြင်ချိန်မှာတော့ ချူရုန်ရုန်က ယဲ့ချင်းရန်ကို လေးစားစွာ ကြည့်လိုက်သည်။ "အစ်ကိုရန် နင်က နည်းလမ်းရှိနေတုန်းပဲ"

ပြီးနောက် သူမက ချီရွှမ်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလာသည်။ "အစ်မရွှမ် သူမပြောသွားတာတွေကို အာရုံမစိုက်နဲ့"

ချီရွှမ်က ပြုံးကာ ပြောလာသည်။ "စိတ်မပူပါနဲ့ ငါ အဆင်ပြေပါတယ်"

သူတို့သုံးယောက် အပြင်မှာ အကြာကြီးရပ်ပြီးနောက် စုမိသားစုအိမ်တံခါးက နောက်ဆုံးတွင် ပွင့်လာသည်။

စုတျန်ဟန်ရော စုယီအန်းမိသားစုရော ထွက်လာတာဖြစ်သည်။

အိမ်တော်ထိန်းက တံခါးတွင်ရပ်ကာ သူတို့ကို လိုက်ပို့တော့သည်။ အဖိုးအိုက အနားယူဖို့ လိုပြီး သူတို့အိမ်ကို အရင်ပြန်ခိုင်းသည့်ပုံပင်။

သွေးသားတော်စပ်မှုစစ်ဆေးချက်၏ နောက်ဆုံးရလဒ်ကို သူတို့ ထပ်ပြီးလုပ်ဖို့ လိုမည့်အနေအထားဖြစ်သည်။

အဲ့အခါကျမှ စုယီအန်းမိသားစုက သခင်ကြီးစု၏ သွေးသားရင်း မိသားစု ဟုတ်မဟုတ်ကို အတည်ပြုနိုင်မည်ဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now