Chapter 224: Cherish the Present (2)

5.9K 810 38
                                    

UNICODE

မုချင်းရွဲက ရုတ်တရက်ဆိုသလို လုံကျွင်းယောင်ကို တွေးမိသွားသည်။

လုံကျွင်းယောင်က သူမနှင့် လမ်းခွဲတဲ့အချိန်တုန်းက အနာဂတ်မှာ သူမ အကူအညီလိုအပ်ပါက သူ့ကိုလာရှာနိုင်ပြီး သူတတ်နိုင်သမျှ ကူညီပေးမယ်လို့ ပြောခဲ့သည်။

ဤဟာကို မုချင်းရွဲ တွေးမိချိန်မှာ မျှော်လင့်ချက်အရိပ်အယောင်တစ်ခုကို သူမ မြင်လိုက်ရသလိုပင်။ သူမ ငိုရင်း ပြောတော့သည်။ "ကျွန်မ လုံကျွင်းယောင်ကို တွေ့ချင်တယ် ဝူးဝူးဝူး(ငိုသံ) လုံကျွင်းယောင်..."

"အား"

အော်သံတစ်ခုက ညကောင်းကင်ယံ ပဲ့တင်ထပ်လာသည်။ ယဲ့ချင်းရန်က သူမအိပ်မက်ကနေ လန့်နိုးလာ၏။

အိပ်ယာပေါ်ထထိုင်ပြီး မောဟိုက်နေသည်။ အရမ်းကို ကြောက်ဖို့ကောင်းသည့်အိပ်မက်ဖြစ်ပေမယ့် အိပ်မက်ထဲ ဘာဖြစ်ခဲ့လဲဆိုတာ သူမနိုးလာချိန်မှာ မမှတ်မိတော့ပေ။
သူမသိတာဆိုလို့ အရမ်းကြောက်ဖို့ကောင်းတာပဲဖြစ်သည်။

ချူယန်က တံခါးတွန်းဖွင့်ပြီး ဝင်လာသည်။ "ဘာဖြစ်လို့လဲ?"

သူက အိပ်ယာဘေးထိုင်ချလိုက်သည်။ ယဲ့ချင်းရန်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး သူမနဖူးထပ် ချွေးအေးတွေထွက်နေတာကို သတိထားမိလိုက်သည်။

တစ်ရှူးလှမ်းယူလိုက်ပြီး သူမနဖူးပေါ်မှာ ချွေးတွေကို သုတ်ပေးလိုက်သည်။ "အိပ်မက်ဆိုးမက်လို့လား?"

ယဲ့ချင်းရန် ပြန်ဖြေလာသည်။ "ညီမလည်း မသိဘူး"

အိပ်မက်ထဲက အရာတိုင်းက အစစ်အမှန်တွေလိုပင်။ အိပ်မက်ထဲတွင် သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသလို ခံစားရသည်။

သို့ပေမယ့် သူမနိုးလာချိန်မှာတော့ ဘာဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့ပေ။

အိပ်မက်က တစ်ခုခုကို အရိပ်အမြွက်ပေးချင်နေတာလား?

သူမက စာအုပ်ထဲရောက်နေတာ တစ်နှစ်ကျော်ပြီဖြစ်သည်။ တကယ့်ဘဝမှာ သူမက ဘယ်လောက်ကြာကြာ ကိုမာဖြစ်နေမှာလဲ? တစ်ရက်၊ တစ်လ ဒါမှမဟုတ် တစ်နှစ်လား? ဒါမှမဟုတ်လည်း သူမက သေသွားပြီလား?

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now