Chapter 226: A Different Chu Yan(2)

4.8K 781 17
                                    

UNICODE

"သူက သဝန်တိုပြီး စိတ်တိုလာမယ်။ ပြီးရင် နင့်လက်ကို တိုက်ရိုက်ကိုင်ပြီး ဆွဲသွားမယ်။ ဘယ်သူမှမရှိတဲ့နေရာကို ရောက်တာနဲ့ နင့်ကို သူက နံရံမှာဖိကပ်ထားပြီး အဲ့ယောကျာ်းလေးအတန်းဖော်နဲ့ ဝေးဝေးမှာ နေဖို့ နင့်ကို ပြောလာမယ်"

ယဲ့ချင်းရန် "..."

လီမင်မင် "..."

ရှောင်းဖေးယွဲ့ "..."

မုန့်တွေက တကယ်အရသာရှိတယ် သူမဆက်စားရမယ်။

ဝမ်ရှောင်ယွီက အကြာကြီး ပြောနေပြီး ယဲ့ချင်းရန်နှင့် ချူယန်ကို ဝတ္ထုဇာတ်ကောင်တွေအဖြစ် သတ်မှတ်ထားသည်။ သူတို့နှစ်ယောက် သိခဲ့တာကနေစပြီး ချစ်သွားမယ် ပြီးရင် လက်ထပ်သွားကြတဲ့အထိကိုတောင် ပြောနေသည်။

သူမအာခြောက်လာတော့ ရေတစ်ငုံအပြည့်သောက်လိုက်သည်။

ယဲ့ချင်းရန်က သက်ပြင်းချလာသည်။ "နင် ဝတ္ထုမရေးတာ နှမြောစရာပဲ"

ဝမ်ရှောင်ယွီက ရှက်ပြုံးပြုံးကာ "ငါ အွန်လိုင်းဝတ္ထုရေးတယ် ဖတ်တဲ့အရေအတွက်လေးက မဆိုးပါဘူး။ နင်ရော ဖတ်ကြည့်ချင်လား

ယဲ့ချင်းရန်က သူမလက်ကို ခါပြလိုက်သည်။ "နောက်ကျ ငါဖတ်ကြည့်ချင်ရင် နင့်ကို ပြောမယ်လေ။ အခုတော့ ညစာစားမယ့်အချိန်ကိုရောက်နေပြီ။ ငါက နင်တို့ကို ညစာကျွေးမယ်လို့ ပြောထားတယ်လေ။ နင်တို့ ဘာစားချင်ကြလဲ?"

သူတို့သုံးယောက်က မငြင်းကြပေ။ ဒီနေ့က ယဲ့ချင်းရန်က သူတို့ကို ကျွေးမယ်လို့ပြောထားသည်။ နောက်တစ်နေ့ကျ နောက်တစ်ယောက် ဘဘက်ခါကျနောက်တစ်ယောက်။ ဒီလိုနှင့် အလှည့်ကျ ကျွေးကြမှာဖြစ်သည်။

"နင်တို့ ဘာစားချင်ကြလဲ?"

"ငါကြားတာတော့ XX ငါးအချဉ်ပေါင်းက အရမ်းအရသာရှိတာတဲ့။ ညစာစားချိန်ကျရင် စားဖို့အတွက်တောင် တန်းစီရတာတဲ့။ ဒီအချိန်လောက်ဆိုရင်တော့ တန်းစီစရာမလိုဘူး။ အဲ့ကို သွားစားကြမလား?"

"ရတယ် ငါအဆင်ပြေတယ်"

"ငါလည်းအဆင်ပြေတယ်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now