Chapter 249 - The Oriole Behind (1)

4K 628 6
                                    

UNICODE

ရှရှင်းက ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ မသိပေ။ သူမသိတာက ရုတ်တရက် ရဲအရာရှိတွေပြေးဝင်လာပြီး သူမကို ဖမ်းလိုက်တာဖြစ်သည်။

ရဲစခန်းထဲထိုင်ရင်း သူမစိတ်က အကြောင်သားဖြစ်နေသည်။

သူမက ယဲ့ချင်းရန်ကို နှောင့်ယှက်သည့်ကိစ္စမှာ ပါဝင်နေတယ်လို့ ရဲက ပြောလာတာ ကြားချိန်မှာတော့ သူမစိတ်ထဲ မြည်ဟီးသွားသည်။

သူမ ပြန်မတုန့်ပြန်နိုင်ခင်မှာ အကြာကြီး ကြောင်အနေမိသည်။

သူမက ချက်ချင်း ဖြေရှင်းချက်ထုတ်လာသည်။ "ကျွန်မ မလုပ်ဘူး။ ကျွန်မ တကယ်မလုပ်တာ။ ရှင်တို့ဘာတွေပြောနေလဲဆိုတာ ကျွန်မ တကယ်မသိဘူး။ ကျွန်မက ဘာလို့ အကြောင်းရင်းမရှိ ယဲ့ချင်းရန်ကို နှောင့်ယှက်ရမှာလဲ?"

ရဲအရာရှိကမေးလာသည်။ "ဒါဆို မင်းက ဘာလို့ အဲ့မှာရှိနေတာလဲ? နှောင့်ယှက်တဲ့အမှုထဲပါတဲ့ ကွန်ပျူတာကို မင်းကိုင်ထားတယ်လေ။ မင်းကိုင်ထားတဲ့ ကွန်ပျူတာကနေ စာတိုသုံးစောင်တောင် ပို့ထားတာ။ အဲ့ပို့ထားတာကလည်း နံပါတ်တစ်ခုထဲ။ ယဲ့ချင်းရန်ရဲ့ ဖုန်းနံပါတ်ဖြစ်နေတယ်"

ရှရှင်းက အလျင်အမြန်ပြောလာသည်။ "ကျွန်မ မလုပ်ဘူး။ ကျွန်မ တကယ်မလုပ်တာ။ ရှင်တို့ မှားနေကြပြီ။ ဒီကွန်ပျူတာက ကျွန်မဟာ မဟုတ်ဘူး။ အဲ့မှာ ကျွန်မရောက်နေတဲ့ အကြောင်းရင်းက တစ်ယောက်က ကျွန်မကို လာခိုင်းလို့"

ရဲအရာရှိကမေးလာသည်။ "ဘယ်သူလာခိုင်းတာလဲ?"

ရှရှင်းက ပြန်ဖြေလာသည်။ "ကျွန်မက သူမနဲ့ မရင်းနှီးဘူး။ တစ်ကြိမ်ပဲ ဆုံဖူးတာ။ ဒီနေ့က ကျွန်မတို့ဆုံတာ ဒုတိယအကြိမ်ပဲ"

ရဲအရာရှိက မေးလာသည်။ "သူမပုံ မင်းမှာရှိလား?"

ရှရှင်းက ခေါင်းခါပြလိုက်သည်။

"ငါတို့က မင်းကြုံရာပြောနေတယ်လို့ သံသယရှိတယ်"

ရှရှင်းက လန့်လွန်းလို့ မျက်ရည်တွေပါကျလာသည်။ "တကယ် ကျွန်မမဟုတ်ဘူးလို့။ အဲ့မိန်းမရုပ်က ဘယ်လိုလဲဆိုတာ ကျွန်မမသိဘူး။ ကျွန်မက သူမကို တစ်ခါပဲ ဆုံဖူးတယ်။ အဲ့နေ့က သူမက Mask ဝတ်ထားပြီး လက်အိတ်အနက်ရောင် ဝတ်ထားတယ်။ ကျွန်မတို့က မတော်တဆဆုံတာပဲရှိတာ။ ကျန်တာကို ကျွန်မ တကယ်မသိတာ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now