Not Update
2.9K 318 67
Aster တစ်ခုလောက်ကြေညာစရာရှိလို့ပါ။
ခဏခဏခွင့်တိုင်ရတာ အားလည်းနာပါတယ်။ ပြီးခဲ့တဲ့ ၂ပတ်ကျော်တုန်းက Aster နေမကောင်းဖြစ်တာကို မှတ်မိကြတယ်ဟုတ်။ အဲ့တုန်းက အစာအိမ်အထူးကုနဲ့ပြချိန်မှာ ဆရာဝန်က ဗိုက်ထဲ အလုံးစမ်းမိလို့ဆိုပြီး Ultrasound ရိုက်ရပါတယ်။
အခု OG နဲ့ပြချိန်မှာ Ovary မှာ သွေးလုံးဖြစ်နေလို့ Size ကလည်း တော်တော်ကြီးလို့ Operation လုပ်ရပါမယ်။ ၂၂ရက်နေ့ ညနေကို ဆေးရုံတက်ပြီး ၂၃ရက်နေ့ကို ခွဲရမှာပါ။ အဲ့တော့ ၂၂ရက်နေ့ ည ဆေးရုံမှာ ဘာမှ အထွေအထူးမရှိရင်တော့ အဲ့နေ့ညထိကို Paid Gp တွေနဲ့ Wattpad တွေမှာ Update တွေ တင်ပေးသွားပါမယ်။ ၂၃ ခွဲပြီးရင် သက်သာတဲ့အထိ ခွင့်ယူပါ့မယ်နော်။ ကလေးမွေးသလို C Section ခွဲရမှာဆိုတော့ အနာကြီးပြီး နည်းနည်းတော့ နားတဲ့ရက်များမလားတော့မသိဘူး။
ဆိုတော့ အဲဒါ လာပြောပြတာပါ။ ဒီကြားထဲမှာ ဆေးရုံတက်ဖို့ ပြင်ဆင်ရမှာတွေလည်းရှိလို့ Aster ဘက်က Update တွေကြာခဲ့ရင်လည်း နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အမြဲဖတ်ပေးနေကြတဲ့သူတွေကိုရော Paid Gp ဖွင့်တာတွေကို အားပေးပြီး ဖတ်ပေးကြတဲ့သူတွေကိုရော မီ ချစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now