Chapter 202: The Advantage of Female Lead

6.5K 898 28
                                    

UNICODE

မုချင်းရွဲ ပြောစရာစကားမဲ့သွားကာ သူမကိုယ်သူမ ခုခံတဲ့အနေနှင့် ပြောချင်သည်။

သို့ပေမယ့် ယဲ့ချင်းရန် ပြောသမျှတွေက အမှန်တွေဆိုတာ သူမ သိ၏။ အံကြိတ်ကာ ပြောလာသည်။ "အဲဒါတွေက ငါအကုန်လုံးကို သိသွားပြီး နင့်ကိုအခွင့်အရေးမပေးခဲ့လိုလေ။ ပြီးတော့ နင့်ကို ငါ ဘယ်လိုလိမ်ခဲ့လို့လဲ?"

ယဲ့ချင်းရန်က ပြောလာသည်။ "အစကတော့ ငါက မင်းကို လိုက်ခဲ့ပေမယ့်လည်း ငါက မင်းကို စနောက်တဲ့စကားနည်းနည်းပဲ ပြောခဲ့တယ်။ မင်းကပဲ ငါ့ကို ထောင်ချောက်ဆင်ဖို့ စီကျင်းကို ခိုင်းခဲ့တယ် အဲ့အချိန်ကစပြီး မင်းက သူများတွေကို လိမ်နေခဲ့တာ။ မင်းက အားနည်းလို့ မင်းလုပ်သမျှ အကုန်လုံးက ရွေးစရာမရှိဘူးလို့ မထင်နဲ့"

"လိမ်တာကိုပြောရရင် နင့်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ? နင်က မွေးကထဲက သူများကို လိမ်ခဲ့တာ"

မုချင်းရွဲက သရော်လိုက်သည်။ ယဲ့ချင်းရန်ကို ကြည့်သည့် သူမအကြည့်က စစ်ဆေးဟန် စူးစမ်းဟန်အပြည့်ဖြင့် ပြည့်နေသည်။

ဒီယဲ့ချင်းရန်က ယဲ့ချင်းရန်လား?

"မင်းရဲ့ကျေးဇူးတွေကြောင့်ပါပဲ" နင့်ကို ဘယ်သူက ဇာတ်လိုက်မဖြစ်ခိုင်းလို့လဲ?

အမျိုးသမီးဇာတ်ရန်နေရာက အမြောက်စာဖြစ်ဖို့ ကံပါလာသည်။ သူမက အနာဂတ်မှာ ဇာတ်လိုက်မရဲံ ဖျက်ဆီးဖွင့်ကို ခံရဖို့ ဒီပုံစံခွက်ထဲ အတင်းအကြပ်ထည့်သွင်းခံထားရသည်။

မုချင်းရွဲက ဖြူစင်ဟန်ဖြင့် မေးလိုက်သည်။ "ဒါက ငါနဲ့ဘာဆိုင်လို့လဲ? နင်က ငါ့ကို အထင်ကြီးနေပြီ။ နင်မွေးလာချိန်ထဲက စလိမ်လာတာ ငါ့ကြောင့်သာ တကယ်ဆိုရင် ငါ့ကိုယ်ငါ ဂုဏ်မယူသင့်ဘူးလား?"

သူမက ယဲ့ချင်းရန်ကို မုန်းသည်။ သာမန်အမုန်းတော်ငမဟုတ်ပေ။

သူမက ဇာတ်လိုက်မဖြစ်သည်။ ယဲ့ချင်းရန်က သူမ ဖိနပ်ကို သယ်ဖို့တောင် မတန်တဲ့ ဒီတိုင်း ဇာတ်ရန်သာသာလေးဖြစ်သည်။

ဒါပေမယ့် သူမ ယဲ့ချင်းရန်နှင့် ရှိနေချိန်တိုင်း ယဲ့ချင်းရန်က ထက်မြသည့် ဓားတစ်လက်ကို ကိုင်ထားတယ်လို့ ဘာလို့သူမ အမြဲခံစားမိနေတာလဲ? ဤဓားရဲ့ ဓားသွားကလည်း သူမလည်ပင်းကို တိုက်ရိုက် ဖိထားသလိုပင်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now