Chapter 285: Want to Know Her Name

3.3K 524 5
                                    

UNICODE

ယဲ့ချင်းရန် "..."

သူမက သူ့ကို ဘယ်လိုဖြေရမလဲ? ဒါက ဝတ္ထုကမ္ဘာကြီးလို့ သူမက သူ့ကို ပြောပြရင် သူယုံမှာလား? ဒါမှမဟုတ် သူမက ပေါက်ကရတွေပြောနေတာဆိုပြီး ဝတ်ကြေတန်းကြေအဖြေပဲ ပေးရမလား?

အရင်ကတော့ အဲ့လိုတွေ သူမပြောခဲ့ပေမယ့် ဒီနေ့တော့ အကြောင်းပြချက်တစ်ချို့ကြောင့် သူ့အား အဲ့လိုမဖြေချင်ပေ။

သူမက ပြုံးလိုက်ပြီး အမှားတစ်ဝက်အမှန်တစ်ဝက်ဖြင့် ပြောလာသည်။ "ဒီလိုဆို ညီမက အစ်ကို့ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ တကယ်တော့ ညီမက နတ်သမီးလေး။ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့အစွမ်းရှိတယ်။ အဲဒါကြောင့် သူ မသေးဘူးဆိုတာ ညီမသိနေတာ"

ပုံမှန်ဆို ဒီလိုစကားမျိုးက ဘယ်သူမှမယုံကြည်ပေ။

ချူယန်အပေါ် သူမနားလည်သလောက်ဆို ချူယန်လည်း သေချာပေါက်ယုံကြည်မည်မဟုတ်ပေ။ သူမက နောက်နေတယ်လို့ပဲ သူထင်ပြီး အလွန်ဆုံး ရယ်ကာ သူမက ကျီစယ်တတ်တယ်လို့ ပြောလိမ့်မည်။

သို့ပေမယ့် ရလဒ်ကတော့ သူမထင်ထားတာနှင့် လုံးဝကွဲပြားနေသည်။

ဤဤချိန်မှာ ချူယန်ရဲ့ ခန့်ညားသည့်မျက်နှာက အရမ်းကို လေးနက်သွားပြီး သူမကို မေးလာသည်။ "ဒီလိုဆို ကိုယ်ပေးပါရစေ နတ်သမီးလေးရဲ့ နာမည်အရင်းက ဘာများလဲ?"

ယဲ့ချင်းရန် ကြောင်သွားသည်။

ဤယောကျာ်း၏ မျက်ဝန်းနက်တွေက အရင်ကနှင့် မတူပေ။ သူမနားမလည်နိုင်သည့် နက်ရှိုင်းမှုရှိနေကာ သူ့အကြည့်ကနေ ဘာမှ ဖုံးကွယ်လို့မရဖြစ်နေသလိုပင်။

သူမနှုတ်ခမ်းထက်ရှိ အပြုံးက တစ်စက္ကန့်လောက်ပျောက်ကွယ်သွားပြီးမှ ပြန်ပြုံးလာကာ "ညီမက နတ်သမီးလေးလို့ ပြောတာကို အစ်ကိုက ယုံတယ်ပေါ့လေ? ညီမက နတ်ဆိုးဒါမှမဟုတ် မကောင်းဆိုးရွားဖြစ်နေရင် ဘယ်လိုလုပ်မလဲ?"

သူမရဲ့လျှို့ဝှက်ချက်အား ဘယ်သူမှ မသိဘူးလို့ သူမ အမြဲထင်ခဲ့တာဖြစ်သည်။ ဖြစ်နိုင်တာက သူမက အရမ်းယုံကြည်ချက်ရှိလွန်းလို့ သူမရှေ့ရှိ ဤလူက သူမကို ထွင်းဖောက်မြင်ပြီးသား ဖြစ်နေသည်နှင့်တူသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now