Chapter 244: Should Give Up And Want to Give Up (2)

4.1K 622 4
                                    

UNICODE

ချူယန်က သူတို့သုံးယောက်ကို ကြည့်ပြီး ပေါ့ပါးစွာပြောလာသည်။ "ဒီညစာက ကျွန်တော့်ကလေးကို စောင့်ရှောက်ပေးတဲ့အတွက် လူတိုင်းကို ကျေးဇူးတင်တဲ့အနေနဲ့ပါ"

ဝမ်ရှောင်ယွီ: ကလေး?

လီမင်မင်: ခွေးစာတွေ

ရှောင်ဖေးယွဲ့: အားကျဖို့ကောင်းလိုက်တဲ့ ဆက်ဆံရေး

...

ဟော့ပေါ့ဆိုင်က ထွက်လာပြီးနောက် သူတို့သုံးယောက်က ယဲ့ချင်းရန်ကို နှုတ်ဆက်ဖို့လုပ်တော့သည်။ ဤအချိန်မှာ ချူယန်က ထပ်ပြောလာသည်။ "အရမ်းနောက်ကျနေပြီ မင်းတို့ကို လိုက်ပို့ပေးဖို့ တစ်ယောက်ကို ကျွန်တော်ခေါ်လိုက်မယ်"

သူ့ကို သူတို့ခေါ်လိုက်တာဖြစ်ပေမယ့် အဆုံးမှာ ပိုက်ဆံရှင်းတာ သူဖြစ်နေသည်။ သူတို့ကို ပြန်ပို့ပေးဖို့ ချူယန်ကို သူတို့က ဘယ်လိုလုပ်တောင်းဆိုနိုင်မှာလဲ?

သူတို့ကအလျင်အမြန်ငြင်းလိုက်သည်။ "မလိုဘူး မလိုဘူး ညီမတို့ တက္ကစီငှါးပြန်လိုက်မယ်"

"၁၁တောင်ထိုးတော့မယ်။ အရမ်းနောက်ကျနေပြီ။ တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်" ယဲ့ချင်းရန်က ပြောလာသည။

"တကယ်မလိုတာ" သူတို့သုံးယောက်က ထပ်ငြင်းလာသည်။ "ငါတို့က လမ်းကြောင်းလည်းမတူဘူး။ ငါတို့ကို လိုက်ပို့ပြီးရင် နင်တို့ ပြန်မရောက်ခင်မှာပဲ ၁၂ထိုးသွားလိမ့်မယ်"

"ဟုတ်တယ် မနက်ဖြန်မနက် အတန်းလည်းရှိသေးတာကို"

"ငါတို့ဘာသာ အဆင်ပြေပါတယ်။ နင်တို့သာ မြန်မြန်ပြန်ပြီး နားတော့"

ချူယန်က ရှင်းပြလာသည်။ "သူ့ကားကို မောင်းလာတဲ့ ဝန်ထမ်းတစ်ယောက် ပါလာတယ်။ မင်းတို့ကို သူပြန်လိုက်ပို့ပေးလိမ့်မယ်"

ထိုဝန်ထမ်းဆိုသည့်သူက ယဲ့ချင်းရန်ကို တိတ်တိတ်လေးကာကွယ်ပေးနေသည့် ကိုယ်ရံတော်ဖြစ်သည်။

အနက်ရောင် Suit ကို ဝတ်ဆင်ထားပြီး အနက်ရောင် Audi ကားကို မောင်းလာသည်။

သူတို့ရှေ့ကို သူကားမောင်းလာချိန်မှာတော့ အခန်းဖော်သုံးယောက်လုံး ထိတ်လန့်သွားသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now