Chapter 282: A Special Experiment

3.5K 543 21
                                    

UNICODE

ယဲ့ချင်းရန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူမက ပြုံးကာ "လူတိုင်းက ပြောတာတော့ ဥက္ကဌစုက အရမ်းကို အမျှော်အမြင်ရှိတာတဲ့။ ဥက္ကဌစုရဲ့ မျက်လုံးထဲမှာ လူတိုင်းက ငတုံးတွေလို့ပဲ မြင်နေမယ်လို့ ကျွန်မထင်တယ်"

စုတျန်ဟန်ရဲ့ နှုတ်ခမ်းက အေးစက်သည့်လှောင်ပြောင်မှုအဖြစ် ကွေးတက်သွားသည်။ "မစ္စယဲ့က ကျွန်တော့်မေးခွန်းကို ဘာလို့ ရှောင်နေတာလဲ?"

"ဥက္ကဌစုလည်း ကျွန်မမေးခွန်းကို မဖြေဘူးလေ။ ကျွန်မကို စိတ်ထဲကနေ အထင်သေးနေတယ်လို့ ထင်တာပဲ။ အဲ့တော့ ကျွန်မက ဘာကိစ္စနဲ့ ရှင့်မေးခွန်းကို တိုက်ရိုက်ဖြေရမှာလဲ?"

"မစ္စယဲ့က ချက်ကျလက်ကျစကားတွေကို ပြောတတ်တယ်လေ။ ဉာဏ်ကောင်းပြီး ထက်မြက်တယ်။ တစ်ကိုယ်လုံးကလည်း အရမ်းကောင်းမွန်တဲ့ နှလုံးသားတစ်စုံနဲ့ ပြည့်နေတာလေ။ သူမက ဘယ်လိုလုပ်ပြီး အရူးတစ်ယောက်ဖြစ်မှာလဲ?"

ယဲ့ချင်းရန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပေမယ့် နှုတ်ခမ်းထောင့်က နည်းနည်းလေးတောင် ရွေ့သွားခြင်းမရှိပေ။ "အဲ့လိုလား"

ထိုစကားပြောပြီးတာနှင့် ချက်ချင်း အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ "ကျွန်မရဲ့တစ်ကိုယ်လုံးက ကောင်းမွန်တဲ့ နှလုံးသားတစ်စုံနဲ့ ပြည့်နေတယ်ပေါ့လေ? ရှင်က အဲဒါတောင်ပြောနိုင်တယ်ပေါ့။ ဥက္ကဌစု ရှင်က ဘာမျိုးစိတ်များလဲ? ရှင့်မျက်လုံးတွေက အရမ်းကို အားကောင်းတာပဲ"

ဒီစကားတွေက စုတျန်ဟန်ရဲ့ မျက်နှာကို အေးစက်သွားစေသည်။ "မစ္စယဲ့က အရမ်းအပြစ်ရှိနေလို့ ကျွန်တော့်ကို အရှက်ခွဲဖို့ စကားတွေတောင် သုံးလာတယ်ပေါ့"

"ဒါဆို ဥက္ကဌစုက ကျွန်မကို လာရှာပြီး ကျွန်မတစ်ကိုယ်လုံးက ကောင်းမွန်တဲ့နှလုံးသားတစ်စုံနဲ့ ပြည့်နေတယ်လို့ ပြောခဲ့တယ်။ အဲ့အခါကျမှ ကျွန်မသိတာက ဥက္ကဌစုက တကယ်ကြီး မှော်မျိုးစိတ်ဖြစ်နေတာပဲ"

ဒီစကားတွေက စုတျန်ဟန်က သူမကိုဆီလာပြီး အရှက်ခွဲဖို့ တောင်းဆိုရင် သူမက သူ့အားအရှက်ခွဲမည်လို့ ပြောနေတာဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now