Chapter 268: Obviously Ironic

3.5K 556 8
                                    

UNICODE

နေ့လည်ခင်းမှာ ကောင်းကင်က ရုတ်တရက်ပြောင်းသွားသည်။ တိမ်မည်းတွေက ကောင်းကင်အပြည့်ဖုံးနေပြီး ပြိုကျတော့မယောင် အရမ်းကို မည်းမှောင်နေသည်။

ယဲ့ချင်းရန်က မိုးသည်းကြီးမည်းကြီးရွာနေတာကို အခွင့်ကောင်းယူပြီး ကားဖြင့် အိမ်သို့ အစောကြီးပြန်ဖို့ ရွေးချယ်လိုက်သည်။

သူမက စာကြည့်တိုက်ကနေလျှောက်ထွက်လာပြီး သူမကားရပ်ထားသည့် ကားပါကင်သို့ လျှောက်သည့်အချိန်မှာ တစ်စုံတစ်ယောက်တားတာကို သူမခံလိုက်ရသည်။

ထိုသူက အနက်ရောင် Suit နှင့် မျက်မှန်ကိုင်းမည်းကို ဝတ်ဆင်ထားသည်။ လက်တွင် အနက်ရောင်လက်ဆွဲအိတ်ကို ကိုင်ထားသည်။ သူက သူမအား ပြုံးပြပြီး အရမ်းကို လေးစားဟန်ဖြင့် မိတ်ဆက်လာသည်။ "မစ္စယဲ့ မင်္ဂလာပါ။ ကျွန်တော့်နာမည်က ယွီဝမ်ရှို့ဖြစ်ပါတယ်။ မစ္စတာယန်ရဲ့ လက်ထောက်ပါဗျ"

ယဲ့ချင်းရန် "..."

မစ္စတာယန်?

ချူယန်ရဲ့ လူယုတ်မာအဖေများလား?

သူမမေးကြည့်ချိန်မှာ တကယ်ပဲ ချူယန်ရဲ့အဖေရင်းဖြစ်နေတာ သိလိုက်ရသည်။ ယန်မိသားစုအိမ်သို့ သူမအား ဧည့်သည်အဖြစ် ဖိတ်ခေါ်တာဖြစ်သည်။

သူမက တကယ်ပဲ ဧည့်သည်လား?

ထောက်ချောက်များဖြစ်နေမလား?

ဘာပဲဖြစ်ဖြစ် သူမသွားဖို့ ပြင်ဆင်လိုက်ကာ ဘယ်လို ယောက္ခမမျိုးလဲဆိုတာ သိချင်သည်။ သူက ချူယန်ကို အနိုင်ကျင့်ရဲရင် သူမက အတိုးတစ်ချို့ ပြန်တောင်းရမည်။

လက်ထောက်ယွီက ယဲ့ချင်းရန်အား ဇိမ်ခံကားဆီ ဖိတ်ခေါ်လိုက်သည်။

သူမကားထဲဝင်ပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ကြီးကနေ မိုးက သည်းကြီးမည်းကြီးရွာချတော့သည်။ မိုးရေစက်တွေက မှန်ပေါ် တတောက်တောက်ဖြင့် ကျနေသည်။

ယွီဝမ်ရှို့က နောက်ကြည့်မှန်ကနေတစ်ချက်ကြည့်တော့ အနောက်မှာ ယဲ့ချင်းရန်ထိုင်နေတာ မြင်လိုက်ရသည်။

အသက် ၁၈ ၁၉နှစ်အရွယ်သာရှိသည့် မိန်းမငယ်လေးက အေးစက်ပြီး ကြော့ရှင်းသည်။ သူမအသက်နှင့် မလိုက်အောင် တည်ငြိမ်ပြီး အေးစက်သည်။ သူမကို ပေါ့ပေါ့တန်တန်လို့ ဘယ်သူမှ မတွေးရဲပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now