Chapter 209: She's Not Ye Qingran (2)

5.2K 791 59
                                    

UNICODE

"သမီးတို့ မကြာခဏဖတ်တဲ့ ကူးပြောင်းတဲ့ဇာတ်ကြောင်းလိုမျိုးပဲ။ လူတော့ တူတူပဲ ဒါပေမယ့် ဝိဉာဉ်က တခြားတစ်ယောက်ရဲ့ ဝိဉာဉ်ဖြစ်သွားတာ" မုချင်းရွဲက ရှင်းပြလာသည်။

"ဝိဉာဉ်?" ဒါကိုတော့ သူမနားလည်သည်။

မုချင်းရွဲက ဖြူစင်သည့်ဟန်ဖြင့် ပြောလာသည်။ "သမီးက အရမ်းသံသယများတယ်လို့တော့ အပြစ်တင်လို့မရဘူးနော်။ ဝတ္ထုဖတ်တဲ့သူဖြစ်တဲ့အပြင်ကို အတွေးလွန်တဲ့သူမို့လို့ ယဲ့ချင်းရန်ပြောင်းလဲတာတွေကို တွေးမိသွားတာပဲ"

"လွန်ခဲ့တဲ့တစ်နှစ်က ယဲ့ချင်းရန်က တကယ်ပဲ အခု အန်တီပြောသလိုပဲ။ သူမအိမ်စာတွေက အရမ်းညံ့ပြီးတော့ အန်တီပြောသလို မောက်မာပြီး အရည်အချင်းမရှိဘူး။ သူမသိတာက ကျောင်းမှာ မိန်းကလေးတွေနဲ့ ဘယ်လို ကလူရမလဲ နေ့တိုင်း ယောကျာ်းလေးအုပ်စုနဲ့ အပြင်သွားမယ်။ စာလည်း မကြိုးစားဘူး။ ဆရာမတွေ ခေါင်းကိုက်ရတာ"

"သူမက မိန်းကလေးပဲ ဒါပေမယ့် တခြားယောကျာ်းလေးတွေနဲ့ အဓမ္မကျင့်တဲ့ကစားနည်းတွေ ကစားတယ်။ မိန်းကလေးကို ခြောက်လှန့်ချင်တာဖြစ်ပေမယ့်လည်း တခြားမိန်းကလေးကတော့ သူမ မိန်းကလေးဆိုတာမသိဘူး။ သူမကို တကယ်ပဲ တစ်ခုခုလုပ်တော့မယ်ထင်ပြီး ကျောင်းကိုတိုင်ရော။ ဒါပေမယ့် ယဲ့ချင်းရန်က မိန်းကလေး အဲ့တော့ တဖက်မိန်းကလေး နောက်ဆုံးမှာ ဘာဖြစ်သွားမလဲဆိုတာ ခန့်မှန်းလို့ရတယ်"

"သူမက အလွန်အကူးဟာသတွေနဲ့ ကစားလေ့ရှိတယ် ဒါပေမယ့် အဲ့မတော်တဆမှုလည်းပြီးရော ရုတ်တရက်ပြောင်းသွားရော။ သူမက တစ်ညတည်းနဲ့ပြောင်းသွားတာ။ အဲ့ကောင်လေးတွေနဲ့ တွဲသွားတွဲလာလုပ်တာတွေရပ်လိုက်တယ် သူမအဆင့်တွေကလည်း ရုတ်တရက်ထိုးတက်လာတယ်။ နောက်ဆုံးနေရာကနေ ပထမဆုံးနေရာထိ မသိရင် ခိုးချထားသလိုလေ"

"သူမစကားပြောတာနဲ့ ဝါသနာတွေကလည်း အရင်ကနဲ့ လုံးဝမတူတော့ဘူး။ တခြားတစ်ယောက်လိုပဲ လူတွေကတော့ သူမပြောင်းလဲသွားတာလို့ တွေးကောင်းတွေးလိမ့်မယ်။ သမီးက စာအုပ်ဖတ်ရတာ သဘောကျတယ်လေ။ အဲ့လိုကူးပြောင်းတဲ့စာအုပ်တွေကို ဖတ်လေ့ရှိတော့ ယဲ့ချင်းရန်ကိုယ်ထဲ တခြားတစ်ယောက်ရဲ့ ဝိဉာဉ်ရောက်နေတာလို့ သမီးခံစားမိတာ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now