Chapter 239: Love and Deception (1)

4.5K 695 15
                                    

UNICODE

လျန်ရှောင်းက အနည်းငယ်အံ့အားသင့်သွားသည်။ တျန်တျန်က ချူယန်ကို တစ်ချက်ထဲနှင့် မှတ်မိသည်။ ချူယန်မှာ ချစ်သူရှိနေတာကိုတောင် သူမ သိပုံပေါ်သည်။

ချူယန်က တွေ့နိုင်ခဲသည့်သူဖြစ်သည်။ တျန်တျန်က သူ့ကို မသိသင့်ပေ။ သူမက သိရင်တောင် သူနှင့် အရမ်းရင်းနှီးသည့်ပုံ မပေါ်သင့်ပေ။

သူက စမ်းမေးလိုက်သည်။ "သူဘယ်သူလဲဆိုတာ မင်းသိလား?"

တျန်တျန်က သူ့ကို ထူးဆန်းစွာကြည့်လိုက်သည်။ "ဒါပေါ့ ကျွန်မ သူ့ကို သိတာပေါ့။ ဘယ်လိုလုပ် မသိဘဲ နေမလဲ? သူ့ပုံကို ကျွန်မ မကြာမကြာ မြင်ဖူးတယ်။ လူတွေ သူ့အကြောင်းပြောတာ ကြားဖူးတယ်။ မသိရင် ကျွန်မအမေက ကျွန်မအစ်ကို အကြောင်းပြောနေသလိုပဲ"

တကယ်တော့ ချူယန်က မိန်းမတွေကြားထဲမှာ ပြောစရာဖြစ်သည်။ ချူယန်က မိန်းမတွေအများကြီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးများရှိနေလား?

လျန်ရှောင်းက ပထမတော့ ခုံကို မှီထိုင်နေကာ ပျင်းရိနေသည့်ပုံပေါ်သည်။

ဒါကိုတွေးမိတော့ သူ့မျက်ဝန်းထဲ လက်ကနဲတောက်ပသွားသည်။

ခပ်မတ်မတ်ပြန်ထိုင်ပြီး သူ့လက်တွေကို စားပွဲပေါ်တင်လိုက်ကာ မေးလာသည်။ "စုကဲဖေးက မင်းကို သူ့ပုံပြတာလား?"

"ဟုတ်တယ် သူမက ကျွန်မကိုပြောတာ။ သူမက သူ့ကို တကယ်သဘောကျတာ။ စုကဲဖေးသာ ကျွန်မရှေ့ ဓာတ်ပုံတစ်ချိန်လုံးပြပြီး သူ့အကြောင်းတစ်ချိန်လုံးမပြောနေရင် ကျွန်မက သူ့ကို သိမှာတောင်မသိဘူး။ ပြီးတော့ သူက အရမ်း သိုသိပ်တယ်လို့ ကြားတယ်။ ဒီအသိုင်းအဝိုင်းထဲကလုပ်တဲ့ ပွဲတွေကို တစ်ခါမှ တက်တာမရှိဘူး"

တျန်တျန်က ပြောရင်း သူမခေါင်းကို ရှေ့သို့တိုးလာသည်။ ချူယန်ကို ပိုပြီး ကြည်လင်စွာ မြင်ချင်သောကြောင့်ဖြစ်သည်။ "ဓာတ်ပုံထဲမှာထက် အပြင်မှာပိုချောတာပဲ။ ကဲဖေးက စိတ်နဲ့ကိုယ် မကပ်လောက်အောင် သူ့ကို အရမ်းသဘောကျတာ အံ့ဩစရာမရှိတော့ဘူး"

"သူနဲ့ စုကဲဖေးဆက်ဆံရေးကဘာလဲ? ချစ်သူဟောင်းလား? ဒါမှမဟုတ် တစ်ချိန်လုံး တူတူရှိနေတာလား?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now