Chapter 218: Officially Beginning A Young Girls Life (2)

5.3K 837 20
                                    

UNICODE

ယဲ့ချင်းရန်က သူမခေါင်းကို စောင်းပြီး သူမမျက်လုံးထောင့်ကနေ သူ့ကို ကြည့်လိုက်သည်။ "ဘာရှိသေးလဲ?"

"အရပ်မြင့်လာပြီး ဝလာတယ်"

"ညီမ အရပ်မြင့်တာတော့ဟုတ်ပါပြီ ဒါပေမယ့် ဝလာတယ်? ဘယ်မှာ ဝလာလို့လဲ?"

"ဘယ်လိုဝလာလဲ?" ချူယန်က တည်ငြိမ်မြဲ တည်ငြိမ်လျက်ပင်။ သူက စကားပြောရင်း မျက်လွှာအနည်းငယ်ချကာ သူမရင်ဘတ်ဆီ အကြည့်ရောက်သွားသည်။

ယဲ့ချင်းရန်က သူ့ရဲ့အရိပ်အမြွက်ကို လက်ခံရပြီးနောက် ချက်ချင်းနားလည်သွားတော့သည်။

သူမမျက်ဝန်းက ပြူးကျယ်သွားပြီး ရယ်ချင်သွားသည်။ သို့ပေမယ့် သူမ မလုပ်သင့်ဘူးလို့ ခံစားမိသည့်အတွက် သူ့ကို မျက်စောင်းထိုးပြီး ပြောလာသည်။ "လူရမ်းကားကြီး"

သူမရဲ့ လက်ချောင်းသွယ်လျလျဖြင့် သူ၏ မျက်နှာချောချောကို ညင်သာစွာပင့်လိုက်သည်။ "အစ်ကို့လို လူရမ်းကားတစ်ယောက်ကို အကောင်းဆုံးဖြေရှင်းနည်းက ဘာလဲဆိုတာ သိလား?"

ချူယန်က မျက်ခုံးပင့်လိုက်သည်။ "ဘာတဲ့လဲ?"

ယဲ့ချင်းရန်က သူ့နှုတ်ခမ်းထောင့်ကို ရုတ်တရက်နမ်းပြီး သူ့နားနားကို ကပ်လာကာ "ဖလစ်ပြီး ထွက်ပြေးတာပဲ"

သူမက ပြောပြီးတာနှင့် မတ်တပ်ထရပ်ကာ ထွက်ပြေးဖို့ ပြင်လိုက်သည်။

သို့ပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူမရဲ့လူက သူမခါးကို ဖက်ပြီး အားဖြင့် ဆွဲလိုက်သောကြောင့် သူ့ပေါင်ပေါ်ထိုင်ရက်သားဖြစ်သွားသည်။

ဖလစ်ပြီး ထွက်ပြေးတဲ့နည်းက အလုပ်မဖြစ်တာ သိသာ၏။ ယဲ့ချင်းရန်က ချူယန်၏ ဖိထားခြင်းကို ခံထားရပြီး ပြင်းရှစွာ အနမ်းခံလိုက်ရသည်။

ကျင်းမြို့တော်မှာ ၂ရက်တာ နားပြီးနောက်မှာတော့ ယဲ့ချင်းရန်နှင့် ချူရုန်ရုန်က ချူယန်နောက်သို့လိုက်ကာ မြို့တော်သို့ သွားတော့သည်။

ကျောင်းတူသော်ငြားလည်း မေဂျာမတူသောကြောင့် သူတို့တွေ တော်တော်ဝေးဝေးဖြစ်သွားသည်။ ထို့အပြင် ချူရုန်ရုန်က အရမ်းကို စိတ်မရှည်ဖြစ်နေကာ မနက်အစောကြီးထဲက ချူယန်ကို သူမအိပ်မက် ကျောင်းတော်ကြီးဆီသို့ လိုက်ပို့ခိုင်းပြီး စာရင်းသွင်းတော့သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now