Chapter 263: Hard to Part Feelings (1)

3.7K 584 10
                                    

UNICODE

ချီရွှမ် နိုးလာချိန်မှာ သူမက ဆေးရုံရောက်နေပြီဖြစ်သည်။ သူမမျက်လုံးက တစ်ဝက်သာပွင့်ပြီး အကြာကြီး ကြောင်ငေးငေးဖြစ်နေ၏။ ပြီးကျမှ စုမိသားစုအိမ်ရှေ့မှာ ဘာဖြစ်ခဲ့လဲဆိုတာနှင့် သူမ မေ့လဲသွားသည့်အကြောင်းကို မှတ်မိသွားသည်။

သူမခေါင်းကို လှည့်လိုက်တော့ ယဲ့ချင်းရန်က သူမဘေးမှာ ထိုင်နေသည်အား မြင်လိုက်သည်။

သူမ စကားပြောချင်ပေမယ့် ပါးစပ်ဟဖို့တောင် ခွန်အားမရှိနေတာ သိလိုက်ရသည်။

ညဉ့်လည်း အရမ်းနက်နေပြီဖြစ်သည်။ ဆေးရုံရဲ့ နေရာတိုင်းက တိတ်ဆိတ်မှုတွေဖြင့် ပြည့်နေကာ အသံသဲ့သဲ့ကိုတောင် ရှင်းလင်းစွာကြားနိုင်သည်။

ယဲ့ချင်းရန် ခေါင်းလှည့်လိုက်တော့ ချီရွှမ်နိုးနေတာကို မြင်လိုက်သည်။

"နိုးပြီလား မသက်သာသလို ခံစားနေရသေးလား? ငါအခု ဆရာဝန်ခေါ်လိုက်မယ်"

သူမက ပြောရင်း ဆရာဝန်ခေါ်သည့် ဘဲလ်ကို နှိပ်လိုက်သည်။

ချီရွှမ်က သူမနှုတ်ခမ်းလှုပ်ခပ်သွားကာ အိပ်ယာဘေးစားပွဲပေါ်တင်ထားသည့် ခွက်ကို ကြည့်လိုက်ပြီး သူမရေသောက်ချင်ကြောင်း အချက်ပြလိုက်၏။

ယဲ့ချင်းရန်က ရေနွေးနွေးလေးတစ်ခွက် အလျင်အမြန်ထည့်ပေးပြီး ပိုက်တစ်ချောင်းတပ်ကာ သူမနှုတ်ခမ်းနားတေ့ပေးလိုက်သည်။

ချီရွှမ်ရေသောက်ပြီးနောက် ဆရာဝန်ဝင်လာ၏။

ဆရာဝန်က ရိုးရှင်းသည့် ကြည့်ရှုမှုလုပ်လိုက်ကာ သူမအဆင်ပြေကြောင်းပြောလာသည်။ သို့ပေမယ့် သူမကိုယ်က အရမ်းကို အားနည်းနေသည်မို့လို့ စောင့်ကြည့်သည့်အနေနှင့် ဆေးရုံမှာ တစ်ညနေခိုင်းသည်။

အခြေအနေပေါ်မူတည်ပြီး မနက်ဖြန် ဆေးရုံဆင်းရမည်ဖြစ်သည်။

ချီရွှမ်က အိပ်ယာပေါ်မှာ လှဲနေရတာ အနည်းငယ်မသက်မသာဖြစ်လာသည့်အတွက် သူမထိုင်နိုင်အောင် ယဲ့ချင်းရန်က ကူညီပေးလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် ငါ့ဆီ မင်းစာပို့တုန်းက မင်း ကိုယ်က ပိုပိုပြီး သက်သာလာတယ်လို့ ပြောတယ်မဟုတ်ဘူးလား? ကြည့်ရတာ မင်းက ငါ့ကို လိမ်နေတာပဲ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now