Chapter 237: Calm Before The Storm(1)

4.6K 703 7
                                    

UNICODE

ယဲ့ချင်းရန်နှင့် စုကဲဖေး စကားပြောနေချိန်မှာ ခပ်လှမ်းလှမ်းကနေ ဖြတ်သွားသည့် ဝမ်ရှောင်ယွီနှင့် ရှရှင်းတို့က သူတို့ကို လှမ်းမြင်လိုက်သည်။

ဝမ်ရှောင်ယွီက ယဲ့ချင်းရန်ကို အရင်မြင်လိုက်တာဖြစ်သည်။ ပထမတော့ သူမ သွားနှုတ်ဆက်ဖို့ ပြင်လိုက်သည်။ သို့ပေမယ့် နောက်တစ်ယောက်ရှိနေတာမြင်တော့ သူမ စိတ်ပြောင်းသွားသည်။

သူမဘေးရှိ ရှရှင်းက သရော်လိုက်၏။ "နင်က ပုံမှန်ဆို တသီးတသန့်နေတတ်တဲ့သူလေ။ ဒါပေမယ့် အာဏာနဲ့ ဩဇာရှိတဲ့သူကို နင်မြင်တာနဲ့ သူတို့ဆီသွားပြီး မျက်နှာသာ ပေးတာ လိုချင်တော့တာပဲ" (T/N: ယဲ့ချင်းရန်ကို ပြောတာပါ)

စုကဲဖေးက စုမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်သည်။ ကျောင်းဖိုရမ်မှာ နာမည်ကြီးတဲ့သူဖြစ်ပြီး လှလွန်းတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်သည်။ ကျောင်းရဲ့ နာမည်အကြီးဆုံး မိန်းကလေးစာရင်းထဲမှာ ဇကာတင်ပါသည့်သူလည်း ဖြစ်သည်။

ရှရှင်းလို အားတိုင်း အင်တာနက်ထဲဝင်ကြည့်တတ်ကာ ချမ်းသာပြီး အာဏာရှိသည့် မိသားစုတွေကို အာရုံစိုက်ရတာ ကြိုက်တဲ့သူကတော့ စုကဲဖေးကို သိသည်။ သူမ နောက်ခံကိုလည်း သိသည်။

ဝမ်ရှောင်ယွီက သူမကို အံ့အားတကြီး ကြည့်လာသည်။ "နင်ဘယ်လိုပြောလိုက်တာလဲ? သူတို့အချင်းချင်းသိတာကြာပြီးတော့ သူငယ်ချင်းလည်း ဖြစ်နေနိုင်တာပဲ။ စကားတူတူပြောတာ ဘာဖြစ်လို့လဲ? နင့်မှာဘာလို့ အဲ့လိုအတွေးတွေရှိနေရတာလဲ?"

ရှရှင်းက အေးစက်စွာ သရော်လိုက်သည်။ "ဒါက ပုံမှန်အတွေးလို့ ငါထင်တာပဲ"

ဝမ်ရှောင်ယွီက မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။ "ရှရှင်း ငါတို့ ပထမဆုံးဆုံချိန်က ယဲ့ချင်းရန်က ပေါင်းသင်းရခက်တဲ့သူလို့ နင်ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် တကယ်တော့ သူမက စကားပြောရတာ မကြိုက်ရုံတင်ပဲ။ သူမက အရမ်းကောင်းတဲ့သူလေ။ နင် ယဲ့ချင်းရန်ကို အမြဲ ပစ်မှတ်မထားလို့ မရဘူးလား?"

ရှရှင်းက ချက်ချင်းမေးတော့သည်။ "ငါ ဘယ်တုန်းက သူမကို ပစ်မှတ်ထားလို့လဲ? ငါက တည့်တိုး ပြောတဲ့သူ။ ငါပြောချင်တာကို ငါပြောလိုက်တာပဲရှိတာ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now