Chapter 210: He Already Knew (1)

5.1K 764 29
                                    

UNICODE

ယဲ့ကျွင်းက တင်းမာသည့်ဟန်ဖြင့် ပြောလာသည်။ "အတိုချုံ့ပြောရမယ်ဆို သမီးမှတ်ထားရမှာက မိန်းကလေးတစ်ယောက်က အလိုလိုက်တာခံရပြီး စံနှုန်းမြင့်မြင့်ရှိရမယ်။ ချစ်သူရှာမယ့်အချိန်ကျ အကောင်းဆုံးကို ရှာရမယ်။ သမီးက အခု စာလေ့လာနေတုန်း အဲ့တော့ ဖြည်းဖြည်းချင်းရွေးနိုင်တယ်။ ဖြည်းဖြည်းချင်း ရွေးတဲ့အခါ အကောင်းဆုံးကိုပဲ ရွေးသင့်တယ်"

ယဲ့ချင်းရန်က သဘောတူလိုက်သည်။ "ဟုတ်တယ် သမီး ချစ်သူရှာချိန်ကျ အကောင်းဆုံးကိုပဲ ရှာသင့်တယ်။ သေချာတဲ့သူကိုပေါ့လေ"

ယဲ့ကျွင်းပြောချင်တာကို သူမ အလိုအလျောက်သိသည်။ သူမတွင် ချစ်သူမရှိသေးဖို့ သူမျှော်လင့်နေသည်။

ဒါပေမယ့် အခု သူမရှာနေတဲ့ ချစ်သူက သူမအတွက် အကောင်းဆုံးသောသူဖြစ်သည်။

တကယ့်ဘဝမှာပဲဖြစ်ဖြစ် ဒီမှာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်သည်။

ယဲ့ကျွင်းက ဒီစကားကိုကြားတော့ သူ့စိတ်ထဲ သက်မချလိုက်သည်။

အငယ်လေးရဲ့ စံနှုန်းက အမြင့်ကြီးမှာ ရှိနေတုန်းပဲ။ သူမအဖေဖြစ်တဲ့သူက အရမ်းကိုထူးချွန်တယ်၊ သူမမှာလည်း တော်တဲ့အစ်ကိုတွေရှိတယ်။ သာမန်အကောင်စုတ်လောက်တော့ သူမ စိတ်ဝင်စားမည်မဟုတ်ပေ။

သူက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်သည်။ "ကောင်းပြီ စောစောနားတော့"

ယဲ့ချင်းရန်က သူမအခန်းကို ပြန်ပြီးနောက် သူအိမ်ပြန်ရောက်ရင် သူမကို အသိပေးဖို့ ချူယန်ကို စာပို့လိုက်သည်။

သူမ ရေချိုးပြီး အိပ်ဖို့ အိပ်ယာပေါ်လှဲချိန်မှာတော့ ချူယန်ဆီက သူအိမ်ပြန်ရောက်ပြီဖြစ်ကြောင်း စာရောက်လာသည်။

ယဲ့ချင်းရန်က ချက်ချင်းဖုန်းခေါ်တော့သည်။

ဖုန်းမြည်သည်နှင့် တစ်ဖက်က ကိုင်တော့သည်။ ထိုအမျိုးသားက လေသံနှိမ့်နှိမ့်ဖြင့် မေးလာသည်။ "မင်း မအိပ်သေးဘူးလား?"

ယဲ့ချင်းရန်က သက်ပြင်းချလိုက်သည်။ "ညီမ မအိပ်သေးဘူး။ အိမ်ပြန်ရောက်ဖို့ ဘာတွေ ဒီလောက်ကြာနေတာလဲ?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now