UNICODE
ရဲအရာရှိက လျန်ရှောင်းကို ကြည့်ကာ ပြန်ဖြေလာသည်။ "ကျွန်တော်တို့ ရှာမတွေ့သေးဘူး"
"ဒါဆို စုံစမ်းနေတာ တိုးလေ။ အဲ့လူကို မြန်မြန်ရှာ။ ကျွန်တော်တို့ ယဲ့ချင်းရန်ကို သူနာကျင်အောင်လုပ်မှာမျိုး ခွင့်မပြုဘူး။ နေဦး..." လျန်ရှောင်းက ပြောရင်း တစ်စုံတစ်ခု မှားနေတယ်လို့ ရုတ်တရက် ခံစားမိသွားသည်။
သူ့မျက်နှာက မည်းမှောင်သွားကာ "ဒီနေ့ ကျွန်တော့်ကို ဒီကို ခေါ်တာ ဘာအဓိပ္ပါယ်လဲ? ယဲ့ချင်းရန်ကို နှောင့်ယှက်နေတဲ့သူက ကျွန်တော်လို့ ခင်ဗျားတို့ သံသယဖြစ်နေတာလား? ကျွန်တော်က ယဲ့ချင်းရန်ကို သဘောကျပေမယ့် သူမကို နှောင့်ယှက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး"
ရဲအရာရှိက ပြောလာသည်။ "မစ္စယဲ့ အစောပိုင်းတုန်းက နှောင့်ယှက်ခံရချိန်မှာ ကျွန်တော်တို့က သူမကို သဘောကျနေတဲ့သူတွေရဲ့စာရင်းကို လုပ်ခဲ့တယ်။ ဘယ်သူက သံသယအရှိဆုံးလဲဆိုပြီးတော့ပေါ့။ မစ္စယဲ့ကပြောတယ် ခင်ဗျားမဖြစ်နိုင်ဘူးတဲ့။ ခင်ဗျားက ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူးဆိုတာ သူမယုံတယ်တဲ့။ အဲဒါကြောင့်..."လျန်ရှောင်း ပီတိဖြာသွား၏။ သူနားကြားမှားသွားတယ်လို့ ထင်မည့်သည့်အတွက် တစ်ဖက်လူမှ ဟုတ်မှန်သည့်အဖြေကို ရဖို့ ကြားဖြတ်ပြောလိုက်သည်။ "ခင်ဗျားအခုပြောတာက ယဲ့ချင်းရန်က ကျွန်တော့်ကို ယုံတယ်လို့ ပြောတာလား? ကျွန်တော်က အဲ့နှာဘူးမဟုတ်ဘူးဆိုပြီးတော့လေ"
ရဲအရာရှိက ခေါင်းညိတ်ပြလိုက်သည်။
လျန်ရှောင်းပြုံးမိသွားသည်။ သူက ယဲ့ချင်းရန်ကို ပိုးပန်းပြီး မကြာခဏဆိုသလို သူမနှင့် ဆုံတာမျိုး လုပ်တာကြောင့် ယဲ့ချင်းရန်က သူ့ကို သဘောမကျတာကို ဖုံးကွယ်တာမျိုး မရှိသော်လည်း သူမက သူ့အား ယုံနေတုန်းပင်။
ကြည့်ရတာ သူမနှလုံးသားထဲမှာ သူလုံးဝမရှိတာမျိုးတော့မဟုတ်နေပေ။ အနည်းဆုံးတော့ သူမက သူ့အား သူငယ်ချင်းတစ်ယောက်လိုဆက်ဆံသည်။
ရဲအရာရှိက ပြောလာသည်။ "ဒီတစ်ကြိမ် မစ္စယဲ့က စားသောက်ဆိုင်မှာ ညစာသွားစားချိန် စားသောက်ဆိုင်မှာ နှောင့်ယှက်တဲ့ ပါဆယ်ထုတ်ကို လက်ခံရရှိခဲ့တယ်။ ကျွန်တော်တို့က စားသောက်ဆိုင်အပြင်မှာ ရပ်ထားတဲ့ကားတွေကို စစ်ဆေးချိန်မှာ မစ္စတာလျန်ရဲ့ကားလည်း အဲ့မှာ ရှိနေတာကို တွေ့လိုက်ရတယ်"
YOU ARE READING
နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)
Romanceယဲ့ချင်းရန် နိုးလာတော့ သူမက စာအုပ်ထဲ ကူးပြောင်းသွားတာကို သိလိုက်ရတယ်။ သူမက ဂုဏ်မောက်ပြီး ဗိုလ်ကျတတ်တဲ့ ဆိုးဝါးတဲ့ ဗီလိန်ပါပဲ။ ဗီလိန်တွေရဲ့ ထုံးစံအတိုင်း အသေဆိုးနဲ့သေရမယ့်သူပေါ့ သူမ မကူးပြောင်းလာခင်တုန်းကတော့ သူမက သူမရဲ့ မိသားစုမှာ ဆက်ခံသူဖြစ်သည်။ သူ...