Chapter 261: A Love That Can't Continue (1)

3.6K 576 8
                                    

UNICODE

ရှေးဦးသူနာပြုစုနည်းပေးပြီးနောက်မှာ အဖိုးစုက ယာယီအားဖြင့် အဆင်ပြေသော်လည်း ထပ်ပြီးစိတ်လှုံ့ဆော်တာမျိုးကို လက်မခံတော့သည့်အတွက် အိမ်မှာ အနားယူဖို့ ပို့ပေးတော့သည်။

စေ့စပ်ပွဲကတော့ ရုပ်ပျက်ဆင်းပျက်နှင့် ပြီးဆုံးသွားသည်။

ပါးပါးစုကတော့ ချီမိသားစုကို အလေးအနက်တောင်းပန်ပြီး နောက်ကျရင် ရှင်းပြချက်ပေးမည့်အကြောင်း ကတိပြုလိုက်သည်။

သို့ပေမယ့် ပါးပါးချီကတော့ အနည်းငယ် စိတ်မကြည်သာပေ။ စေ့စပ်ပွဲကို ဘယ်လိုမှ မဖြစ်ခဲ့သလို သူက ဘယ်လိုလုပ် ဆက်ဆံနိုင်မည်လဲ? သို့ပေမယ့် စုမိသားစုရဲ့အခြေအနေကို သိနေတော့ ဘာတစ်ခွန်းမှ မဆိုသာပေ။

ချီရွှမ်က ချီမိသားစုနှင့် လိုက်မပြန်ဘဲ စုမိသားစုအိမ်ရှေ့တွင် မတ်တပ်ရပ်နေသည်။

ပါးပါးချီနှင့် မားမားချီက သူမကို အကြိမ်အနည်းငယ်ခေါ်သော်လည်း သူမက ခေါင်းခါကာ အရင်ပြန်နှင့်ဖို့ ပြောလာသည်။

စေ့စပ်ပွဲက ဆက်မဖြစ်တော့ပေ။ ရှင်းပြချက်လိုသည့် ချီမိသားစုမှ ဧည့်သည်တွေက ရှိနေသေးသည်။ ကူကယ်ရာမဲ့စွာနှင့် မားမားချီက ရွေးစရာမရှိဘဲ ချီရွှမ်ကို ယဲ့ချင်းရန်လက်ထဲ အပ်ခဲ့သည်။

ယဲ့ချင်းရန်နှင့် ချူရုန်ရုန်က ချီရွှမ်ဘေးမှာ မတ်တပ်ရပ်နေကြသည်။ သူမက စုယီအန်းကို စိတ်ပူနေတာ သိကြသည်။

"အစ်မရွှန် အကြာကြီးရပ်နေရင် ပင်ပန်းလာလိမ့်မယ်။ အစ်မကိုယ်က နဂိုထဲက ကျန်းမာရေးအကောင်းကြီး မဟုတ်ဘူးလေ။ ကားထဲသွားပြီး စုယီအန်းကို စောင့်ကြရအောင်လေနော်" ချူရုန်ရုန်က အကြံပေးလာသည်။

"မလိုဘူး" ချီရွှမ်က ခေါင်းခါပြလာသည်။

သူမက မျက်လုံးပင့်ကာ စုမိသားစုအိမ်ကို ကြည့်လိုက်သည်။ စုမိသားစုအိမ်ရဲ့ တံခါးက တင်းကျပ်စွာပိတ်ထားကာ အသံတစ်ခုတောင်မကြားရပေ။ အရမ်းကို တိတ်ဆိတ်နေ၏။

သို့ပေမယ့် ဒါက အပြင်ပန်းဆိုတာ လူတိုင်းသိကြသည်။ အခု စုမိသားစုက သွေးသားတော်စပ်မှုစစ်ဆေးမှုကြောင့် သွေးစွန်းသည့် အရှုပ်အထွေးဖြစ်နေတာ သေချာသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now