Chapter 201: You're Sweeter than Dessert

7.6K 1K 49
                                    

UNICODE

ယဲ့ချင်းရန်က သက်မချလိုက်သည်။ "ကျေးဇူး"

ချူယန်က သူမနှုတ်ခမ်းကို အနမ်းမခြွေခင် ကျေးဇူးတင်သည့်စကားသာပြောနိုင်သည်။

ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် နမ်းတာမဟုတ်သော်ငြားလည်း ချူယန်ရဲ့ စကေးက ပိုပိုပြီး ကောင်းလာသလိုပင်။

သို့ပေမယ့် ယဲ့ချင်းရန်ကတော့ ယဲ့ချင်းရန်ဖြစ်နေတုန်းပင်။ အကြိမ်တိုင်း သူမတစ်ကိုယ်လုံး ပျော့ခွေသွားကာ သူမ နုမ်းမသွားခင် အောက်စီဂျင် မပြတ်လပ်ခင်အထိ အနမ်းခံရသည်။

အခုတစ်ခေါက်ကတော့ အရင်တုန်းကနှင့် မတူတော့ပေ။ ဒီတစ်ကြိမ် သူတို့နမ်းချိန်မှာ သူမရဲ့ အသက်ရှုမှုက အနည်းငယ်ထူးဆန်းနေသည်။

သူ့ရှေ့တွင် တောင်တစ်လုံးလုံးပြိုကျရင်တောင် အမူအရာမပြောင်းသွားသည့် ချူယန်ကတော့ စိတ်လှုပ်ရှားစွာ အသက်ရှုနေရင်း သူ့မျက်ဝန်းနက်နက်မှာတော့ တပ်မက်မှုတွေဖြင့် ပြည့်နေသည်။

သို့သော်ငြားလည်း နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သွားသည်။

ယဲ့ချင်းရန်ကို စောင်ဖြင့် ပတ်ပြီး သူ့ရင်ခွင်ထဲမှာ သူမကို တင်းကြပ်စွာ ဖက်ထားသည်။ "မင်း ထပ်ပြီး ပြဿနာရှာရင် ကိုယ် မင်းကို ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး"

ယဲ့ချင်းရန်ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ ဤကဲ့သို့ ပြောချင်နေသည်။ 'လုပ်စမ်းပါ အစ်ကို ညီမကို ယဉ်ကျေးနေစရာမလိုဘူး'

ဒါပေမယ့် ချူယန် ထိန်းချုပ်မှုလွတ်တော့မှာကို သူမ မြင်ချိန်မှာတော့ သူမ ထားလိုက်ဖို့သာ ဆုံးဖြတ်တော့သည်။ ချူယန်ရဲ့ အသက်ရှုမှုက ပုံမှန်ပြန်ရောက်ချိန်ကို သတိထားမိတော့မှ သူမက ဖျော့တော့စွာ ပြောလာသည်။ "ပူတယ်"

သူမကိုယ်ပေါ်က စောင်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ချူယန်က သူ့လက်ကို လွှတ်ကာ သူမကို စောင်အောက်ကနေထွက်ခွင့်ပေးလိုက်သည်။

လွတ်လပ်မှုကို ပြန်ရသွားတဲ့ ယဲ့ချင်းရန်က ချက်ချင်း မတ်တပ်ရပ်ကာ ချူယန်လက်ကို ဆွဲလိုက်သည်။ "သွားရအောင် ညီမက အရသာရှိတဲ့အချိုပွဲတွေဝယ်လာတယ် တူတူစားရအောင်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now