Chapter 286: Everything was told just like that

3.5K 526 11
                                    

UNICODE

ချူယန်က စိတ်ထဲမထည့်ဘဲ ဂရုမစိုက်စွာဖြင့် ပြောလာသည်။ "သူမပြောတာနဲ့ပဲ သူမက ဇာတ်လိုက်မဆို ကိုယ်က ဒီကမ္ဘာရဲ့ ဆရာသခင်ပဲ"

သူက မျက်ခုံးကိုပင့်ကာ "ဒီနတ်သမီးလေးက ကောင်းကင်ဘုံမှာ နေမယ့်အစား ဒီကို ဘာလို့ဆင်းလာတာလဲ?"

"ဒီနတ်သမီးလေးက ဒီကို ဘယ်လိုရောက်လာလဲဆိုတာတောင် မသိဘူး။ နာမည်တူ မိန်းကလေးရဲ့ ကိုယ်ထဲ နိုးလာတော့မှ ဒီရောက်နေတာသိတယ်။ မိန်းကလေးရဲ့ မှတ်ဉာဏ်ထဲကနေ ဒါက စာအုပ်၊ သူက စာအုပ်ထဲက မကောင်းတဲ့ ဇာတ်ရန်လေးဆိုတာ ပြောပြတာ..."

ယဲ့ချင်းရန်လည်း ချူယန်ကို သူမသိသမျှကို ပြောပြလိုက်သည်။

ချူယန်က သူမကို ညင်သာစွာကြည့်ရင်း "မင်းလည်း နာမည်တူတယ်ပေါ့။ မင်းနာမည်လည်း ယဲ့ချင်းရန်ပဲ"

ယဲ့ချင်းရန် "အင်း" ဆိုပြီး ခပ်ဖျော့ဖျော့ ပြန်ဖြေလာသည်။ ပြီးနောက် ပဟေဠိဖြစ်ဟန်ဖြင့် ရုတ်တရက် ပြောလာသည်။ "ညီမတို့က စာအုပ်ထဲမှာနေနေတယ်ဆိုတာကို အစ်ကိုက မအံ့ဩသလိုပဲ"
မုချင်းရွဲက ချူယန်ကို ပြောချိန်မှာ သူမက ချူယန်ရဲ့ အမူအရာကို မမြင်ရသော်လည်း ချူယန်က မအံ့ဩဘူးလို့ ခံစားမိနေတုန်းဖြစ်သည်။

ချူယန်ရဲ့လက်က ယဲ့ချင်းရန်ခါးနေရာကို တင်လိုက်ပြီး အမူအရာကင်းမဲ့သွားသည်။ မျက်လုံးအပြူးသားနှင့် သိချင်စိတ်ဖြင့် ကြည့်နေသည့် ယဲ့ချင်းရန်ကို ကြည့်ကာ ပါးစပ်ဟပြီး ဖြည်းညင်းစွာပြေလာာသည်။ "ကိုယ့်ကို ယန်မိသားစုက ပြန်ခေါ်လာပြီး တစ်နေ့ ကိုယ့်ဘဝမှာဖြစ်နေတဲ့အရာတွေက ကျိုးကြောင်းမဆီလျော်သလိုပဲလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ဒါပေမယ့် လူတိုင်းက ခွင့်ပြုနေသလိုပဲ သတ်မှတ်ထားနေတာ။ အစတုန်းကတော့ ကိုယ်နားမလည်ခဲ့ဘူး။ ကျင်းမြို့ကို ကိုယ်မပြန်ခင်အထိပဲ"

ယဲ့ချင်းရန်က မေးလာသည်။ "ကျင်းမြို့ကို ပြန်လာတာ ဘာဖြစ်လို့လဲ?"

"ကျင်းမြို့ကို ပြန်လာပြီးနောက် ထူးဆန်းတွေ အများကြီးကို ကိုယ်လုပ်မိနေတာ ကိုယ်သတိပြုမိသွားသည်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now