Chapter 222: Regarding Chu Yan's Matters (2)

5.2K 817 10
                                    

UNICODE

သို့ပေမယ့် သူတို့က သူမကို အနည်းငယ်ကြောက်နေတယ်လို့ သူမခံစားရသည်။ သူမက ညင်သာတဲ့သူလေးပဲလေ။ သူမအမူအရာ အပြုအမူတွေက တခြားသူတွေကို စကားပြောချိန်မှာ အဆင်ပြေနေတာပဲကို (T/N: အင်းဘာ ကိုယ်တွေလိုပေါ့ ကိုယ့်မျက်နှာထားတင်းတာ ကိုယ်မသိဘူး။ ကိုယ့်ကိုကိုယ်တော့ အဆင်ပြေတယ်ပဲ။ ပေါင်းကြည့်မှ ငပေါမဖြစ်နေတာမျိုး 😂)

သူတို့အချင်းချင်း မရင်းနှီးတာကြောင့်ပဲနေမှာပါ။

သူမက ထပ်ပေါင်းပြောလာသည်။ "ဒါပေမယ့် ညီမတော့ အဲ့အဆောင်မှာ နေလို့ရမယ့်ပုံမပေါ်ဘူးလို့ ထင်တယ်"

ချူယန်က ချက်ချင်း ပြောလာသည်။ "ဒါဆိုလည်း ဒီမှာပဲနေ"

ယဲ့ချင်းရန်က ချိုမြိန်စွာ ပြုံးလိုက်ပြီး ဗိုလ်ကျသလို ပြောလာသည်။ "ညီမလည်း အဲဒါပဲ တွေးနေတာ။ ညီမက အစ်ကို့ရဲ့ Master Bedroom ကိုယူမယ်။ အစ်ကိုကတော့ ဧည့်သည်ခန်းမှာအိပ်ပေါ့"

"ဟုတ်ပါပြီကွာ" ချူယန်က ချစ်မြစ်နိုးစွာ ပြုံးရင်း သူမခေါင်းလေးကို ပုတ်လိုက်၏။ "နောက်ကျနေပြီ။ ပြန်လာတုန်းက အရမ်းပူတယ်လို့ မပြောဘူးလား? သွားပြီး ရေချိုးတော့"

ယဲ့ချင်းရန် : "ညီမအရမ်းပင်ပန်းနေပြီ။ မလှုပ်ချင်တော့ဘူး"

ချူယန်က အခုလေးတင် ရေချိုးခန်းထဲက ထွက်လာတာဖြစ်သည်။ အိမ်နေအင်္ကျီလဲထားပြီး ဆံပင်ရေစိုရယ် အနုပညာမြောက်တဲ့လက်ရာတစ်ခုလို မျက်နှာချောချောရယ်က  မီးရောင်မှိန်ပျပျအောက်မှာ လူတွေကို သူ့ရဲ့အပြင်ခွံကို ဆွဲခွါချင်သည့် ခံစားချက်ပေးနေသည်။ (T/N: နမ်းရင် မေ့လဲသွားတတ်တဲ့သူကလည်းနော် 🤭)

တကယ့်ကို အရမ်းစွဲမက်ဖို့ကောင်းတာပဲ။

ယဲ့ချင်းရန်ရဲ့ နှလုံးသားလေး တလှပ်လှပ်ဖြစ်သလို ခံစားလိုက်ရသည်။

သူမသိသည်။ သူမ တစ်ခါထပ်ပြီး မြူဆွယ်ခံလိုက်ရပြီဆိုတာ

သူမက ရုတ်တရက် လက်ဆန့်ပြီး ချူယန်ရဲ့လည်ပင်းကို လှမ်းဖက်လိုက်သည်။ သူမနှုတ်ခမ်းထောင့်က ကွေးတက်နေကာ "ညီမကို ချီမှာလား?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now