Chapter 269: I'm Just a Lackey

3.6K 585 18
                                    

UNICODE

ယန်လင်းနှုတ်ခမ်းထက်တွင် သရော်သည့်အရိပ်အယောင်ပေါ်လာသည်။ "မစ္စယဲ့က တကယ် ထူးချွန်တာပဲ။ ကျွန်မအစ်ကိုကြီးကိုတောင် ရှင်ထိန်းချုပ်နိုင်တာ မထူးဆန်းတော့ပါဘူး"

ဒါက သူမကို ထူးချွန်တယ်လို့ ဘယ်လိုလုပ်ဆိုမည်လဲ? သူမက ကောက်ကျစ်တယ်လို့ ပြောနေတာ အသိသာလေ။ ယဲ့ချင်းရန်က လက်ခါပြလိုက်သည်။ "ကျွန်မမလုပ်ရဲပါဘူး။ ချူယန်ကို ကျွန်မ မထိန်းချုပ်နိုင်ဘူး"

ယန်လင်းရဲ့လေသံက အနည်းငယ်အေးစက်သွားသည်။ "သူက ရှင့်ကို အရမ်းသဘောကျတာမျိုး လုပ်နိုင်တယ်လေ။ သူက မစ္စယဲ့စကားဆို အရမ်းနားထောင်တဲ့ပုံပဲလေ"

ယဲ့ချင်းရန်က ခပ်ဖွဖွပြုံးလိုက်သည်။ "သူက ကျွန်မကို သဘောကျတယ်ဆိုတာနဲ့ ကျွန်မက သူ့ကို ထိန်းချုပ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်သလို ကျွန်မပြောသမျှလည်း သူနားထောင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ ပြီးတော့ သူက ကျွန်မကို ဘာလို့ အရမ်းသဘောကျလဲဆိုတဲ့ အဓိကအကြောင်းရင်းက အဲဒါကြောင့်...."

ယန်လင်းက လွှတ်ကနဲ ဘာလဲဆိုပြီးမေးချင်သွားသည်။

သို့ပေမယ့် ယဲ့ချင်းရန်က ရုတ်တရက် မျက်လွှာချပြီး အနည်းငယ်ရှက်နေတဲ့ပုံကို သူမ မြင်လိုက်ရသည်။

ယန်လင်းက ခဏလောက် ကြောင်သွားသည်။

ယဲ့ချင်းရန်က ဘာကိုဆိုလိုလဲဆိုတာ သူမချက်ချင်းနားလည်သွားသည်။

သူမဆွံ့အသွား၏။

ဒီအမျိုးသမီးက အေးစက်ပြီး အထက်စီးဆန်သည့်ပုံပေါ်သည်။ အဲဒါကို ဒီလိုအရှက်ကင်းမဲ့တဲ့စကားမျိုး သူမ ဘယ်လိုလုပ် ပြောထွက်တာလဲ?

သူမဆွံ့အသွားသည်။ "အခု လူတိုင်းက အရမ်းပွင့်လင်းတယ်ဆိုပေမယ့် မစ္စယဲ့က အခြေအနေပေါ် မူတည်ပြီး ပြောသင့် မပြောသင့်တာတွေက ရှိသေးတယ်"

ယဲ့ချင်းရန်က အရမ်းရှုပ်ထွေးသွားသည့် ပုံပေါ်သွားသည်။ သူမ နှုတ်ခမ်းကအနည်းငယ်ကွေးတက်သွားပြီး သူမမေးလိုက်သည်။ "ပွင့်လင်းတယ်? အခြေအနေပေါ်မူတည်တယ်? အခုကျွန်မ ဘာပြောလိုက်လို့လဲ? အခု အခြေအနေနဲ့ မသင့်တော်လို့လား?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now