Chapter 271: I'm The One Pursuing

3.6K 564 11
                                    

UNICODE

ယဲ့ချင်းရန်က စိတ်ဝင်စားသည့်အသွင်ဖြင့် ယန်လင်းဆက်ပြောမလားဆိုပြီး ကြည့်နေတာကို ချူယန် မြင်လိုက်သည်။

သူလည်း ယန်လင်းကို ကြည့်လိုက်သည်။

ဒါက ယန်လင်းကို သတ္တိပေးလိုက်သလို မကြာသေးခင်က ဖြစ်ခဲ့တာတွေကို ချူယန်အား လျင်မြန်စွာ ပြောပြလိုက်သည်။

စုတျန်ဟန်က ယန်ချောင်ကို တမင် ရန်စပြီး ယန်ချောင်ကို သူနှင့် လောင်းကြေးသဘောတူညီမှုကို လက်မှတ်ထိုးအောင် လုပ်ခဲ့သည်။ ပြီးနောက် သူက အလယ်မှာ ဈေးကွက်ကို ယုတ်မာစွာဖြင့် ခြယ်လှယ်ကာ ယန်ချောင်က လောင်းကြေးရှုံးသွားအောင် တိုက်ရိုက်ပဲ လုပ်ခဲ့သည်။

ဒါတင်မကသေးပင်။ အထက်ပိုင်းမှ လူကြီးတွေက နောက်ကို ဘာလုပ်မလဲဆိုတာ သူက ကြိုသိနေသည့်ပုံပင်။ သူက ပရောဂျက်တစ်ခုကို မျက်စိဒေါင့်ထောင့်ကြည့်နေပြီး ယန်ချောင်ဖြင့် ပြိုင်ကာ ဈေးပါ မြှင့်လိုက်သည်။ မူဝါဒကို ကြေညာတော့မှသာ စုတျန်ဟန်ဆင်ထားသည့် ထောင်ချောက်ဆိုတာ သူသိတော့သည်။
သို့ပေမယ့် နောက်ကျသွားပြီဖြစ်သည်။

လွန်ခဲ့တဲ့ ၂ရက်က သတင်းက မကြေညာသေးပေ။ ဒီနေ့ မူဝါဒ ကြေညာချိန်မှာတော့ ဈေးကွက်က နေ့လည်မှာ မျဉ်းတစ်ဖြောင့်တည်းကို ကျဆင်းသွားသည်။ ၎င်းက စထဲမှာအနိမ့်ဆုံးကို ဖြစ်နေကာ နေ့စဉ်သတ်မှတ်ချက်ကိုတောင် ထိနေပြီဖြစ်ကာ နေ့ခင်းတစ်ခုတည်းနှင့် ၁၀ဘီလီယံယွမ်နီးပါး ရှုံးနေပြီဖြစ်၏။

ကံကောင်းတာက နောက်နှစ်ရက်က ပိတ်ရက်ဖြစ်သည့်အတွက် ဖြေရှင်းဖို့ အချိန်ရတာဖြစ်သည်။ မဟုတ်ရင် တနင်္လာနေ့ ဈေးကွက် ပြန်ဖွင့်ချိန်မှာ ဘယ်လောက်ထိကျသွားမလဲဆိုတာ သူတို့ တကယ်မသိတော့ပေ။

သူတို့က ချက်ချင်းကို စီးပွါးရေးသူဌေးကြီးနှင့် ဖြေရှင်းရန် ရန်ပုံငွေဖခင်ကြီးတို့ကို ရှာချင်သည်။ အခု စီးပွါးရေးလောကကို ခြယ်လှယ်နေသည့် နတ်ဘုရားရှိသည်။

ဘယ်သူမှ ချူယန်ကို မယှဉ်နိုင်ပေ။

သူက စီးပွါးရေးလောကမှာ မရိုက်ချနိုင်သည့် လက်ဖြောင့်သမားဖြစ်သည်။ သူမဖြေရှင်းနိုင်သည့် ကိစ္စဆိုတာ မရှိပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now