Chapter 288: Breaking Down

3.4K 518 10
                                    

UNICODE

ယဲ့ချင်းရန်က မုချင်းရွဲနှင့် တိတ်ဆိတ်ပြီး အစွန်အဖျားက Villa တစ်ခုမှာ တွေ့သည်။

မုချင်းရွဲက သော့အပိတ်ခံထားရလို့ ရူးမတတ်ဖြစ်နေသည်။ သူမက ယဲ့ချင်းရန်ကို မြင်ချိန်မှာ သူမခံစားချက်တွေက အမြင့်ဆုံးကို တတ်လာသည်။ သူမစိတ်ထဲရှိ အမုန်းတရားတွေကို ပြေပျောက်စေဖို့ ချက်ချင်း ဆဲရေးတိုင်းထွာတော့သည်။

ချူယန်ကို သူမကြောက်သည်။ သူမက ချူယန်ရဲ့ ပိတ်လှောင်ထားတာကို ခံရပေမယ့်လည်း သူ့ကိုတော့ မဆဲရေးရဲပေ။ ချူယန်က သူမကို ရေနှစ်မှာကို ကြောက်တာကြောင့် အရာအားလုံးကို ယဲ့ချင်းရန်အပေါ် ပုံချတော့သည်။

ချူယန်က သူမကို ပြန်ပေးဆွဲတာရဲ့နောက်မှာ ယဲ့ချင်းရန် ရှိနေကြောင်း၊ ယဲ့ချင်းရန်က ယောကျာ်းတွေကို ဘယ်လိုမြူဆွယ်ရမလဲဆိုတာကို သိတဲ့ မြေခွေးမဖြစ်ကြောင်း၊ အပြောင်းအလဲများပြီး အရှက်ဆိုတာ မသိတဲ့အကြောင်း၊ တစ်နေ့ကျရင် သူမက သူ့အား ဆန့်ကျင်ပြီး အသေဆိုးနှင့် သေမည်ဖြစ်ကြောင်းတွေ ပြောတော့သည်။

ယဲ့ချင်းရန်ကို တစ်ချက်ထဲနှင့် စားချင်မတတ်ဖြစ်အောင် အရမ်းကို ကြမ်းကြုတ်နေသည်။

ယဲ့ချင်းရန်က သူမပြောဆိုမှုတွေကို နားထောင်ရင်း စိတ်မဆိုးပေ။

မုချင်းရွဲက ပြောဆိုမှုကနေပင်ပန်းသွားပြီး အသက်ကို အပြင်းအထန်ရှူနေတာကို မြင်ချိန်မှာတော့ ပြုံးကာ ပြောလာသည်။ "မင်း ပြောလို့ပြီးပြီလား? မပြီးသေးရင် ဆက်ပြောဦး"

ပျော်ရွှင်စွာ ကျိန်းမောင်းပြောဆိုနေသည့် မုချင်းရွဲက ရုတ်တရက် ပိုပြီး မကျေမနပ်ဖြစ်လာသည်။ ယဲ့ချင်းရန် မရောက်ခင်တုန်းကထက်တောင် ပိုပြီး စိတ်တိုလာသည်။

သူမက အရမ်းကို ခံပြင်းနေသည်။ ဒေါသကြောင့် မျက်လုံးတွေကနီရဲနေပြီး သူမက ယဲ့ချင်းရန်ကို စိုက်ကြည့်နေသည်။ ယဲ့ချင်းရန်ကို လက်ညိုးထိုးရင်း မုန်းတီးမှုတွေ ဖော်ပြလာသည်။ "နင် နင် နင်... နင့်မှာ သတ္တိရှိရင် ဒီတိုင်း ငါ့ကို သတ်လိုက်"

"မကြာမကြာ အော်မနေစမ်းနဲ့ မင်းအသက်ကို ဘယ်သူမှ မလိုချင်ဘူး"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now