Chapter 272: Smell The Scent Of Love

3.4K 480 1
                                    

UNICODE

ယန်လင်းက သူမကို ခေါ်တာလို့ သူမ သတိမပြုမိခင် ယဲ့ချင်းရန်က ခဏလောက် ကြောင်သွားသည်။

သူမ ပြန်မဖြေခင်မှာပဲ ယန်လင်းက ဘေး ဘီဒိုအသေးပေါ်တင်ထားသည့် လက်ဆောင်ဘူးကို ကောက်ယူလိုက်ကာ ယဲ့ချင်းရန်ဆီ ကမ်းပေးလာတာကို သူမမြင်လိုက်ရသည်။

"ယောင်းမ ရှင်ရောက်လာချိန်မှာ ကျွန်မကောင်းကောင်းမဆက်ဆံမိလို့ တောင်းပန်ပါတယ်။ အစ်ကိုကြီးက လာခေါ်ပြီဆိုတော့ ဒီနေ့ ကျွန်မ မဆွဲထားတော့ဘူး။ နောက်တစ်ခါကျမှ အပြင်ထွက်ဖို့ ခေါ်တော့မယ်။ "

လက်ဆောင်ကတော့ တောင်းပန်သည့်အတွက်ဖြစ်သည်။

သူမလေသံက အရမ်းညင်သာပြီး သူမအပြုံးက ပွင့်လန်းလာသည့် ပန်းတစ်ပွင့်လိုပင်။ အခုလေးတင် သူမက စိုးရိမ်နေခဲ့သော်လည်း ချူယန်ကို ဆက်အပူမကပ်တော့ပေ။

ယဲ့ချင်းရန် ???

သူမအပြုအမူပြောင်းလဲက အရမ်းကြီးမားတာပဲ။ ဒီလက်ဆောင်ကို သူမ လက်မခံချင်ပေ။

သို့ပေမယ့် သူမ လက်ဆောင်ပြန်မပေးနိုင်ခင်မှာပဲ သူမကို ချူယန်က ဆွဲခေါ်သွားပြီဖြစ်သည်။ ပါးပါးယန်ရဲ့ မှောင်မည်းနေသည့် မျက်နှာကို သူဂရုမစိုက်ပေ၊

'ယန်ဖန်' ဆိုသည့်နာမည်နှင့် သူက အရမ်းလိုက်ဖက်တယ်လို့ ယဲ့ချင်းရန် ရုတ်တရက်ခံစားမိသွားသည်။

ကားထဲထိုင်ရင်း ယဲ့ချင်းရန်က သူမလက်ထဲရှိ လက်ဆောင်ဘူးကို မြှောက်ပြလိုက်သည်။ "ညီမက ဒါကို သိမ်းထားသင့်တယ်ဆိုတာ အစ်ကို သေချာလား?"

ချူယန် ပြန်လာပြီး သူတို့ ပြဿနာတွေကို ကူဖြေရှင်းဖို့ဆိုတာ သေချာသည်။

သူတို့က ရုတ်တရက် ဘာမှမပြောတော့ဘဲ ချူယန်ကို ဆက်ပြီး နားမချတော့ပေ။ သူတို့ လက်လျှော့တာတော့ မဟုတ်ပေ။ ကြိုပြီး ခြေတစ်လှမ်းဆုတ်တယ်ဆိုတာ ရှင်းလင်းသည်။

ဒါက ဗြောင်ကျသည့် ကြံစည်မှုပင်။

ချူယန်က ဒါကို မမြင်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပေ။

မဟုတ်ရင် သူ့စိတ်ထဲမှာ ဒီပြဿနာကို သူကူပြီး ဖြေရှင်းပေးဖို့ သဘောတူပြီးလောက်ပြီဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now