Chapter 231: Is He Pursuing Her? (1)

5K 769 30
                                    

UNICODE

ဟဲစီကျိုးက တစ်ခါတစ်လေမှာ ချူယန်ကို သားရဲအိုကြီးလို့ ခေါ်ရတာကို ဘာလို့သဘောကျလဲဆိုတာ ယဲ့ချင်းရန် နောက်ဆုံးတော့ နားလည်သွားသည်။

ဆိုတော့ ဟဲစီကျိုးရဲ့ မကျေနပ်ချက်ကြောင့် ခေါ်တာပေါ့လေ။

"အရင်တုန်းကတော့ တကယ် မသင့်တော်ဘူး။ ဒါပေမယ့် အခုတော့ သူမက အရွယ်ရောက်ပြီး တက္ကသိုလ်တက်နေပြီ။ အစ်ကို သူမကို တကယ်သဘောကျရင် သူရဲဘောမကြောင်နေနဲ့။ အကောင်းဆုံးကြိုးစားပြီး သူမကို ပိုးပန်း။ အစ်ကိုက ရုန်ရုန့်ကို တကယ်ချစ်ရင် ချူယန်က အစ်ကို့ကို ရိုက်မှာမဟုတ်ဘူး"

ယဲ့ချင်းရန်က ဒီစကားကို ပြောပြီးတော့ ချူယန်နောက်ပြေးလိုက်သွားသည်။

ဟဲစီကျိုးက ထပ်ပြီး အသက်ဝအောင်ရှူလိုက်သည်။ ကပ်သီလေးပဲ...

ချူယန်က မြေခွေးအိုဆို ယဲ့ချင်းရန်က မြေခွေးပေါက်ပဲ။

သူပိုးပန်းတာကို ကူညီပေးမယ်လို့ သူမပြောခဲ့တဲ့အကြောင်းရင်းက သူ့ကို တကယ်ကြီး စမ်းသပ်တာပဲ။ သူမ ယောကျာ်းလေးဟန်ဆောင်နေတုန်းက သူမကို တိတ်တိတ်လေး သူက အကောက်ကြံခဲ့လားဆိုတာ မေးချင်တာဖြစ်သည်။

သူမက ချူယန်နဲ့ စရိုက်တူတူပဲ။

ဝမ်းတွင်းမဲတွေ အငြိုးကြီးတဲ့ဟာတွေ။

အဲ့နေ့က သူကားပေါ်ရောက်ချိန်မှာ ချူယန်ကားထဲထိုင်နေတဲ့သူက ချူရုန်ရုန်ရဲ့ရည်းစားဆိုတာ သူသိခဲ့ရင် အဲ့အချိန်မှာ ယဲ့ချင်းရန်က သေချာပေါက် ကသိကအောက်ဖြစ်မှာပဲ။

ဒုတိယအကြိမ် သူတို့ဆုံချိန်မှာ သူမရဲ့ရယ်ရတဲ့ ပင်ကိုအရည်အသွေးကို သုံးသွားလို့ ကံကောင်းသွားသည်။

စားပွဲကိုတောင် ထုချင်လောက်တဲ့အထိ သူ့ကို ရယ်အောင် သူမအောင်မြင်စွာလုပ်နိုင်သွားသည်။

ထိုဟာကြောင့်ပဲ သူမက ချူရုန်ရုန်ရဲ့ရည်းစားဆိုတာကို သူမေ့သွားသည်။

သို့ပေမယ့် သူ မနာလိုမဖြစ်ဘူးလို့ မပြောပေ။ သူက ဆိုးတာတွေကို တွေးနေတာလည်းမဟုတ်ပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now