Chapter 223: Cherish The Present (1)

6.2K 854 51
                                    

UNICODE

မုချင်းရွဲက ထိန်းသိမ်းရေးစခန်းမှာ အကျဉ်းကျသွားပြီးနောက် နေ့တိုင်း ယဲ့ချင်းရန်နှင့် ချူယန်ကို ကျိန်ဆဲနေသည်။ သူမနှလုံးသားထဲရှိ အမုန်းတရားက ပင်လယ်ပြင်၏ ဒီရေလို တရိပ်ရိပ်တက်နေသည်။

သူမရဲ့ လက်စားချေမှု အောင်မြင်သွားသည့် မြင်ကွင်းကို အဆက်မပြတ်စိတ်ကူးယဉ်နေသည်။

ထိုအကြောင်းကိုတွေးရင်း သူမ ရူးမတတ်ဖြစ်နေသည်။

ဘာတွေဖြစ်ကုန်လဲဆိုတာ သူမ နားမလည်တော့ပေ။ သူမက ဇာတ်လိုက်မလေ။ ဒီကမ္ဘာကြီးရဲ့ ပင်မလေ။

သူမက ဘာလို့များ နာကျင်မှုတွေ ဒုက္ခတွေ အများကြီးခံစားနေရတာလဲ?

ကောင်းကင်ဘုံရဲ့ စမ်းသပ်ချက်များလား? ကယ်တင်ခြင်းမခံရခင် သူမက ဆင်းရဲဒုက္ခကိုခံစားဖို့လိုတာလား? ကြိုးစားတာက ပျော်ဖို့ကောင်းလို့လား?

ဒါပေမယ့် ဒီနေ့ရက်တွေက ဘယ်လောက်ကြာမှာလဲ?

သူမက ဒီနေရာမှာ ထာဝရအပိတ်မခံထားရဘူးဆိုတာ မုချင်းရွဲ ယုံကြည်သည်။ သူမက သေချာပေါက် ထွက်ခွင့်ရမည်။ အချိန်တစ်ခုလေးသာပဲ။

သူမက ဇာတ်လိုက်မလေ။ လူတိုင်းက သူမကို ချစ်ပြီး  သူမကို အရူးအမူးစွဲလမ်းကြရမည်။

ဘုရားရှင်တောင် သူမကို ကူညီလိမ့်မည်။

သူမ ဤအကြောင်းကို ဂရုစိုက်ဖို့မလိုပေ။ သူမကို ထားသွားတဲ့သူတွေက တစ်နေ့မှာ နောင်တရလိမ့်မည်။

ဇာတ်လိုက်မက သန်မာဖို့၊ သည်းခံဖို့၊ မသိတဲ့သူတွေကို ခွင့်လွှတ်ပေးဖို့ လိုအပ်သည်။

အချိန်က သူမရဲ့အကောင်းဆုံးအခွင့်အရေးပင်။ သူမစောင့်ဖို့သာလိုသည်။

မုချင်းရွဲက ဤအကြောင်းကို သူမကိုယ်သူမ ထပ်ခါတလဲလဲဖြစ်နေသည်။ သူမ အဆင်မပြေသည့်အချိန်တိုင်း သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်သည်။

သို့ပေမယ့် သူမက တော်တော်ကြာကြာကို အချုပ်ခံထားရသည်။

စစ်ဆေးမည့်နေ့ကို အကြောင်းအမျိုးမျိုး ဆင်ခြေအမျိုးမျိုးဖြင့် ရွှေ့ဆိုင်းနေကြသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now