Chapter 273: Dangerous, Almost...

4.1K 628 10
                                    

UNICODE

ချူရုန်ရုန်က တစ်မိနစ်လေးတောင် မနေတော့ပေ။ ဒီစကားတွေပြောပြီးတာနှင့် မတ်တပ်ရပ်ပြီး ထွက်သွားတော့သည်။

သူမက အလျင်စလိုဖြင့် ထွက်ပြေးလာသည်။

မှန်ကိုတောင် ကြည့်စရာမလို သူမမျက်နှာက နီရဲနေမှာကို သိသည်။

သူမမျက်နှာလေးက ပူလောင်နေသလို သူမနှလုံးသားကလည်း ရင်ဘတ်ထဲကနေခုန်ထွက်မတတ် အရမ်းခုန်နေသည်။

အဲ့နေ့ သူမက ယဲ့ချင်းရန်နှင့် ချူယန်တို့ဖြင့် ညစာစားပြီးနောက် ဟဲစီကျိုးလိုက်ပို့ချိန်မှာ ဘာမှ မဆိုခဲ့ပေ။ သို့ပေမယ့် သူမက ဟဲစီကျိုးနှင့် နောက်ဆုံးအကြိမ် ထွက်စားချိန်မှာတော့ သူမကို ပြန်လိုက်ပို့သည့်အခါတွင် ဟဲစီကျိုးက တစ်စုံတစ်ခု ပြောလာခဲ့သည်။

ယဲ့ချင်းရန်ကို ထိုစကားတွေ ပြောပြရမှာကို အရမ်းရှက်သလို ဘယ်လိုပြန်ပြောပြရမလဲဆိုတာလည်း မသိပေ။

သူမမျက်နှာကို လက်အေးအေးဖြင့် ရိုက်ပြီးချိန်မှာတော့ အရှက်သည်းမှုကြောင့် ဖြစ်လာသည့် ရှက်သွေးဖြာမှုက ပျောက်သွားသည်။

ချူရုန်ရုန်က ရှေ့ကို လျှောက်လာသည်။ သူမရဲ့ ရှက်ရွံ့မှုနှင့် ရှုပ်ထွေးမှုကိုသာ အာရုံစိုက်နေလို့ သန့်စင်ခန်းကို ကျော်လာတာတောင် သူမ မသိလိုက်ပေ။

အေးစက်သည့်မိုးက သူမကိုယ်ကို ရိုက်ခတ်လာသည့်အခါမှသာ အဆုံးရှိ ဝရန်တာသေးသေးလေးကို ရောက်နေမှန်း သူမ သတိထားမိတော့သည်။

သူမခေါင်းကိုမော့ကာ နဖူးကို လက်ဖြင့် အုပ်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။

ဒါတွေက ဟဲစီကျိုးကြောင့်ပဲ။ သူက ဘာလို့ သူမကို အဲ့လိုစကားတွေပြောရတာလဲ? သူမကို တစ်ချိန်လုံးမလွယ်ကူနေအောင် လုပ်နေသည်။

သူမက ပြန်လှည့်ပြီး လျှောက်လိုက်သည်။

အရေးပေါ်ထွက်ပေါက် တံခါးက ရုတ်တရက် ပွင့်သွားသည်။ ပုံရိပ်တစ်ခုက လက်ဆောင်ဘူးရယ် ပန်းစည်းရယ်နှင့် လျင်မြန်စွာ လျှောက်ထွက်လာသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now