Chapter 289: Who Is In Charge?

3.8K 539 14
                                    

UNICODE

ယဲ့ချင်းရန်က အော်ရယ်တော့သည်။

"နင်ဘာရယ်တာလဲ? ငါအမှားပြောမိလို့လား? နင်က ဇာတ်ရန်လေးပဲ... မဟုတ်ဘူး နင်က ဇာတ်ရန်တောင်မဟုတ်ဘူး။ ဘယ်နေရာကလာမှန်းမသိတဲ့ မကောင်းဆိုးရွားပဲ။ နင်က ငါ့ကံကောင်းတာတွေကို ဆုပ်ယုတ်အောင် နင်က တစ်ချိန်လုံး ငါ့ကို အကွက်ဆင်နေတာ။ နင်က ငါ့ကို မနာလိုဖြစ်ပြီး ဇာတ်လိုက်မအဖြစ် ငါ့နေရာကို ဝင်ချင်နေတာ"

ယဲ့ချင်းရန်က ပိုပြီးတော့တောင် ဟာသအဖြစ် မြင်သွားသည်။ "မင်းရဲ့ကံကို ဆုပ်ယုတ်အောင်? မင်းရဲ့ ဇာတ်လိုက်မနေရာကို အစားထိုးဖို့? မင်းရဲ့ ကံမကောင်းတဲ့ကိုယ်ကိုလေ"

"ငါ့ဘဝကို နင်ဖျက်ဆီးခဲ့တာ။ နင်ဘယ်က လာလဲဆိုတာ ငါ မသိဘူး။ ငါ့ဘဝက ဒီလို ဖြစ်သင့်တာမဟုတ်ဘူး။ နင့်ကြောင့် တုန်ဖန်းယွီက ငါ့ကို မချစ်တော့ဘူး။ လုံကျွင်းယောင်က ငါ့ကို မလိုချင်တော့ဘူး။ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ငါ့ကို ထားသွားခဲ့ကြတယ်။ ဒါတွေအကုန် နင့်ကြောင့်ပဲ"

သူမက ပြောရင်း စိတ်ကြီးဝင်နေသည့် ရယ်သံကို ရယ်လာသည်။ "ပြီးတော့ ချူယန် သူလည်း ငါ့ဇာတ်လိုက်ဖြစ်ရမှာ။ ဒါတွေက နင် သူ့ကို လုသွားလို့ သူက ငါ့ကို ဒီလိုဆက်ဆံနေတာ"

ယဲ့ချင်းရန် မျက်မှောင်ကြုတ်သွားသည်။

ချူယန်ကရော ဇာတ်လိုက်တွေထဲက တစ်ယောက်ပဲလား?

သူက သူ့အသိစိတ်ပြန်ဝင်ပြီး သူ့ဉာဏ်ရည်ကြောင့် စာအုပ်ရဲ့ ထိန်းချုပ်တာကို မခံရတော့ဘဲ ဇာတ်လိုက်၆ယောက်ကနေ ငါးယောက်ဖြစ်သွားတာလား?

"မင်းက မင်းကိုယ်မင်း ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ တကယ်သိတာပဲ။ မင်းမှာ ပါတနာတွေ အများကြီးရှိနေပြီး ယောကျာ်းတွေအများကြီးရှိ‌ျားကြးကြီးရှိနေပြီး ယောကျာ်းတွေန်ဖန်းနေတာ သိသွားကြလို့လေ။ သူတို့က မင်းကို မချစ်တော့လို့ တစ်ယောက်ပြီး တစ်ယောက်ထားခဲ့တာ။ ငါက ဘယ်လိုလုပ်ပြီး မင်းကို အန္တရာယ်ပြုတဲ့သူ ဖြစ်သွားတာလဲ? မင်းက ဒီကမ္ဘာရဲ့ ဗဟိုချက် လူတိုင်းက မင်းကို ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ မင်း တကယ်ထင်နေတာလား?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now