Chapter 290: Why This Time?

3.1K 424 2
                                    

UNICODE

ယဲ့ချင်းရန်က ပြောလာသည်။ "မင်းက နေမင်းကြီးလို့ ထင်နေတာလား? မင်းကိုဆုံးရှုံးပြီးသွားရင် ကမ္ဘာကြီးက မလည်ပတ်တော့ဘူးလို့ ထင်နေတာလား? မင်းကိုယ်မင်းတော်တော်အမြင့်တွေးနေတာပဲ။ မင်းကိုယ်မင်း ဘာလို့ထင်နေတာလဲ? လူတိုင်းက မင်းကို ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ဘာလို့ထင်နေတာလဲ?"

မုချင်းရွဲ မျက်ရည်တွေကျလာသည်။ သူမနှလုံးသားထဲက ခိုင်မာမှုက လုံးဝပြိုကွဲသွားလေသည်။

သို့ပေမယ့် သူမက ယဲ့ချင်းရန်ကို စိုက်ကြည့်ရင်း ဆက်ဆိုလာသည်။ "ငါက နေမဟုတ်ပေမယ့် ဇာတ်လိုက်မပဲ။ လူတိုင်းက ငါ့ကို ဗဟိုပြုပြီးတော့ပဲ လည်ပတ်သင့်တယ်။ ချူယန်က ငါ့ကို သတ်ချင်နေတာ ငါသိတယ်။ ဒါပေမယ့် ငါက ဇာတ်လိုက်မမို့လို့ သူမသတ်ရဲဘူး။ ငါသေရင် နင် အရန်ဇာတ်ကောင်လည်း သေမှာ"

ယဲ့ချင်းရန်က နူးညံ့စွာ ပြောလာသည်။ "ငါက မင်းကို မသတ်ရဲတာမဟုတ်ဘူး။ နင့်ကြောင့်နဲ့ ငါ့လက်တွေကို ညစ်ပတ်ဖို့ မလိုလို့။ ဘာဇာတ်လိုက်မလဲ? ငါ့အမြင်မှာတော့ မင်းက ဆင်းရဲမှာကို ကြောက်တဲ့၊ ပျော်ရွှင်မှုကို သဘောကျတဲ့၊ ပကာဿနကို မက်မောတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ပဲ။ မင်းရဲ့ဂုဏ်သိက္ခာအတွက် မင်းက ကြင်နာချင်ယောင်ဆောင်တယ်။ အဲဒါကြောင့် မင်းက ရွေးစရာမရှိတော့တဲ့အချိန်မှာ မင်းလုပ်သမျှကို ဘေးပို့ပြီး နစ်နာသူအဖြစ်‌ ဟန်ဆောင်တယ်"

မုချင်းရွဲက အော်ဟစ်လာသည်။ "မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး။ ယဲ့ချင်းရန် နင်က ငါကောင်းစားမှာကို နင်မမြင်နိုင်တာ။ နင်က ငါ့ကို တိုက်ခိုက်ချင်လို့ ဒီစကားတွေပြောတာ"

ယဲ့ချင်းရန်က မေးလာသည်။ "တိုက်ခိုက်စရာ ဘာအကြောင်းရှိလဲ? မင်းက ထူးလည်းမထူးချွန် နာမည်လည်း မကြီး။ မင်းမှာ ကောင်းတဲ့နောက်ခံလည်းမရှိသလို ရုပ်ရည်လည်းမလှ။ ဘာလို့ ငါက မင်းကိုတိုက်ခိုက်ရမှာလဲ? မင်းကို ငါက တိုက်ခိုက်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ? မင်းပြောတယ် မင်းက ဇာတ်လိုက်မတဲ့ အဲဒါအမှန်ပဲ။ မင်းက တကယ်ဇာတ်လိုက်မ ဒါပေမယ့် မင်းက မင်းဘဝအတွက်ပဲ ဇာတ်လိုက်မ။ ဘာလို့လဲဆိုတော့ လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာမှာ သူတို့က ဇာတ်လိုက်မပဲ။ ဒါပေမယ့် တခြားသူတွေအတွက်တော့ မင်းက အမြဲ အရန်ဇာတ်ကောင်ပဲ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now