Chapter 221: Regarding Chu Yan's Matters (1)

5.3K 829 13
                                    

UNICODE

ယဲ့ချင်းရန်နှင့် ချူယန်က လမ်းတစ်ခြမ်းကို လျှောက်သွားကြသည်။

"အစ်ကိုလာတာ အရမ်းမြန်တာပဲ။ ညီမက ဝင်ပေါက်မှာ အစ်ကို့ကို စောင့်ရဦးမယ်လို့ထင်နေတာ"

"ဒီအချိန်က လမ်းမပိတ်ဘူးလေ။ နောက်ကျသွားမယ်ဆိုရင်တော့ နည်းနည်းတော့စောင့်ရမှာ"

"အဲ့တော့ ဒီကို တက္ကစီနဲ့လာတာလား?"

"မဟုတ်ဘူး ကားက ဒီကို မကြာခင်ရောက်လာမယ်"

ချူယန် တစ်ယောက်ထဲ လာတာမဟုတ်ပေ။ ကျောင်းပေါက်ဝမှာ ကားရပ်လို့မရသည့်အတွက် တစ်ဖက်ခြမ်းမှာ ရပ်ဖို့ တစ်ယောက်ကို ခိုင်းထားပြီး သူက ယဲ့ချင်းရန်ကို ကြိုဖို့ လမ်းလျှောက်လာတာဖြစ်သည်။

ကားအဖြူလေးက လမ်းဘေးမှာ ထိုးရပ်လာသည်။ ပြတင်းပေါက် ကျသွားပြီး ဟဲစီကျိုးရဲ့ ခပ်ချောချော မျက်နှာ ပေါ်လာ၏။ သူက ယဲ့ချင်းရန်ကို လက်ဝှေ့ယမ်းပြလာသည်။ "သူငယ်ချင်းလေး မတွေ့ရတာကြာပြီ"

ချူယန်က တံခါးဖွင့်ပေးကာ ယဲ့ချင်းရန်ကို ကားပေါ်သို့ အရင်တက်စေသည်။

ယဲ့ချင်းရန်က အရှေ့ ခရီးသည်ထိုင်ခုံနောက်ကို မှီလိုက်ပြီး ပြောလာသည်။ "တော်တော်ကြာပြီပဲ။ အစ်ကိုဟဲစီကျိုး အခုတလောဘယ်လိုလဲ?"

"အရမ်းဆိုးတယ်။ မင်းလူရဲ့ အနှိပ်စက်ခံနေရလို့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး" ဟဲစီကျိုးက ညည်းတွားရင်း အပြင်ဘက်ကို အကြိမ်အနည်းငယ်ခန့်ကြည့်လိုက်သည်။

ပြီးနောက် သူပြုံးပြီး ယဲ့ချင်းရန်ကို မေးလိုက်သည်။ "မင်းပဲလား။ ရုန်ရုန်ပါ ပါမယ်လို့ ပြောတယ်မဟုတ်ဘူးလား?"

ချူယန် ကားထဲထိုင်ပြီးနောက် ယဲ့ချင်းရန်ကို ပြောလိုက်သည်။ "ရုန်ရုန် မပါဘူးဆိုတာ မင်း စောစော ပြောသင့်တယ်။ အဲ့လိုမှ ကိုယ်က မီးသီးကို မသယ်လာမိမှာ"

အထင်သေးခံလိုက်ရတဲ့ ဟဲစီကျိုးက မည်းမှောင်သည့်အမူအရာဖြစ်သွားပြီး ချူယန်ကို ဒေါသတကြီးပြောလာသည်။ "ငါက မင်းနဲ့တွေ့ဖို့လိုက်လာတာမဟုတ်ဘူး။ ငါ့သူငယ်ချင်းလေးနဲ့တွေ့ဖို့လိုက်လာတာ။ ငါ စောစောကသိရင် မင်းရဲ့ ကားမောင်းသမားမလုပ်ပါဘူး"
သူက ရှေ့သို့မောင်းလိုက်၏။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now