Chapter 297: Ten Thousand Years In a Glance

4.6K 516 12
                                    

UNICODE

ယဲ့ချင်းရန်က ဘယ်သူ့ကိုမှ မခေါ်ခဲ့သလို လင်းမြို့တော်ကို သွားရတဲ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှ သူမပြောပြခဲ့ပေ။ လင်းမြို့တော်သို့ သူမကိုယ်ပိုင်လေယာဉ်ဖြင့် တိုက်ရိုက်ပဲ ပျံသန်းသွားခဲ့သည်။

သူမက အထူးသူနာပြုပုံစံဝတ်ဆင်ထားပြီး ချူယန်ရှိရာသို့ Mask တပ်ကာ သွားလိုက်သည်။

ချူယန်နိုးလာတာ နှစ်လကျော်ပြီဖြစ်ကာ နာလန်ထ ဌာနမှာပင်‌ နေနေသည်။

ယဲ့ချင်းရန်က မေးမြန်းရင်း ပြီးခဲ့တဲ့နှစ်လမှာ သူကောင်းမွန်စွာ ပြန်ကောင်းလာတာကို သိခဲ့သည်။ သိပ်မကြာခင် ဆေးရုံက ဆင်းတော့မည်ဖြစ်သည်။

VIP လူနာဆောင်က အရမ်းကို တိတ်ဆိတ်သည်။ ယဲ့ချင်းရန်က လူနာခန်းထဲ ဆေးတွန်းလှည်းတွန်းဝင်လိုက်တော့ ဝရန်တာမှာ Weelchair ဖြင့် ထိုင်ကာ နေပူဆာလှုံနေသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်သည်။

သူက အရမ်းကို သာမန်ဆန်သည့် အဖြူရောင်ရှပ် ဝတ်ထားပြီး သူ၏ လက်ချောင်းသွယ်လျလျက စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ မျက်နှာပေါ်မှာတော့ ဘောင်ပါးပါးနှင့် မျက်မှန်တစ်လက် ဝတ်ဆင်ထားသည်။ သူ့ပုံစံက သန့်ရှင်းကာ ကျော့မော့နေသည်။ နေရောင်အောက်မှာ သူက အသက်ဝင်နေသည့် ပန်းချီကားတစ်ချပ်လိုပင်။

သူမခေါင်းထဲ မြည်ဟည်းနေပြီး ရုတ်တရက် နေရာတွင်ပင် အေးခဲနေသည်။

သူမမျက်ဝန်းက အပြူးသားဖွင့်ထားပြီး မျက်တောင်ခတ်လိုက်ရင် သူမရှေ့မှလူက ပျောက်ကွယ်သွားမှာကို ကြောက်တာလား ဒါမှမဟုတ် သူမခံစားနေရသည့် ခံစားချက် ပျောက်ကွယ်သွားမှာကို ကြောက်တာလားဆိုတာတော့ သမိပေ။

ဤကမ္ဘာမှာ အကောင်းဆုံးဆိုတာ မရှိပေမယ့် သူမနှလုံးသားထဲမှ အကောင်းဆုံးသောသူ သူမအချစ်ရဆုံးသူက တစ်ဦးပဲရှိသည်။

ရုပ်ရည်မှာ အနည်းငယ်ပြောင်းလဲနေတာရှိပေမယ့် သူ့ပတ်ပတ်လည်ရှိ အငွေ့အသက်ကတော့ သူမအတွက် အရမ်းရင်းနှီးနေသည်။ သူက ထိုနေရာမှာ တိတ်တိတ်လေး ထိုင်နေပေမယ့် သူ့အစိတ်အပိုင်းတိုင်းက သူမနှလုံးသားကို ထိမှန်စေကာ သူမ သဘောကျသည့် ခံစားချက်ဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now