Chapter 207: The Unchangeable Status Quo (2)

5.9K 803 55
                                    

UNICODE

မုချင်းရွဲက ခေတ္တမျှ မှင်သက်သွားသည်။

သူမက လုံကျွင်းယောင်ကို စိုက်ကြည့်မိလိုက်သည်။ သူက သူမကို အချစ်ရိပ် တစ်စွန်းတစ်တောင်မရှိဘဲ အထင်သေးမှုတွေဖြင့် ကြည့်နေတာကို သတိထားမိသွားသည်။

သူက သူမကို အထင်သေးသည်။

သူမက ကြောင်သူတော်ယောင်ဆောင်ထားပြီး လက်စားချေဖို့အတွက် ဘာမဆို လုပ်မည့် မိန်းမဆိုတာကို သူခံစားမိနေသည်။

သူမက အလွယ်တကူနင်းခြေလို့ရသည့် မိန်းမလို့ သူခံစားမိနေသည်။ သူမက ယဲ့ချင်းရန်ရဲ့ လက်ချောင်းတစ်ချောင်းနှင့်တောင် ယှဉ်လို့မရဘူးဆိုတာ သူခံစားမိနေသည်။

ဒေါသ၊ မနာလိုစိတ်နှင့် ထိန်းချုပ်လို့မရသည့် လောင်မြိုက်မှုက သူမနှလုံးသားထဲ ထွက်ပေါ်လာသည်။

မုချင်းရွဲ မျက်လုံးတွေက နီရဲနေသည်။

သူမက မနေနိုင်တော့ဘဲ ပြောတော့သည်။ "ကျွန်မစိုးရိမ်တဲ့အကြောင်းကိုပဲ ပြောတာလေ။ ကျွန်မက ရှင့်ကိုချစ်လို့ ရှင့်ကို စိတ်ပူတာ။ ဒါပေမယ့်  ရှင်က ကျွန်မကို စိတ်ဆိုးပြီး ကျွန်မအပေါ် လာပေါက်ကွဲနေတယ်။ ယဲ့ချင်းရန်နာမည်ကို ဒီတိုင်းပဲ ပြောတာလေ။ ဘာလို့ ဒီလောက်တုန့်ပြန်မှုပေးရတာလဲ? ရှင်လည်း လျန်ရှောင်းလို ယဲ့ချင်းရန်ကို ချစ်မိသွားလို့လား?"

မုချင်းရွဲက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ လုံကျွင်းယောင်ခံစားလိုက်ရသည်။

ယဲ့ချင်းရန်က မိန်းကလေးဆိုတာ သူသိပြီးနောက် သူမနှင့် မျက်နှာချင်းဆိုင်ဖို့ ထူးဆန်းပြီးရှုပ်ထွေးမှုသာ သူခံစားရသည်။ သို့ပေမယ့် ဒါက ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားထဲက အချစ်မဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိသည်။

ထို့အပြင် အခုအချိန်က ပြီးခဲ့တဲ့ တစ်ခေါက်ကနှင့်မတူတော့ပေ။

ပြီးခဲ့တဲ့တစ်ခေါက်က သူက မုချင်းရွဲကို သူနှင့်အတူရှိဖို့ ဖိအားပေးခဲ့တာဖြစ်ပြီး သဘောတူညီချက်က သူမရဲ့လက်စားချေမှုကို သူကူညီပေးရမည်ဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now