Chapter 214: He's Actually Yan Fan (3)

5.4K 844 21
                                    

UNICODE

စုယီအန်းက သူ့ကို ပြောခဲ့တာကို လုံကျွင်းယောင် မှတ်မိသေး၏။

ယန်ဖန်းက သူ့အသက် ၁၅နှစ်တွင် လူမြင်ကွင်းသို့ပေါ်လာသည်။ သူ့အသက် ၁၅နှစ်တွင်ပင် မြို့တော်ကို ထိန်းချုပ်ဖို့ ယန်မိသားစုကို စတင် ကူညီခဲ့တာလည်း ဖြစ်သည်။

ထိုအချိန်ကစပြီး ယခုအထိ သူသဘောကျတဲ့ ဘယ်ကုမ္ပဏီကိုမဆို တစ်ချက်ထဲဖြင့် ဆွဲချနိုင်သည်။

သူ့ရဲ့ ဉာဏ်နီဉာဏ်နက်၊ နည်းဗျူဟာနှင့် အလိမ္မာဉာဏ်တွေအကုန်လုံးက အရမ်းကို ကြောက်ဖို့ကောင်းသည်။ ထို့အပြင် သာမန်ကြောက်ရွံ့မှုမဟုတ်ပေ။

သူက ညအမှောင်မှာ သားကောင်ချောင်းနေသည့် ခြင်္သေ့တစ်ကောင်နှင့်တူသည်လို့လည်း တစ်ချို့ကပြောကြသည်။ မင်းကို ပြစ်မှတ်ထားပြီး သားကောင်လို ဆက်ဆံနေတာကို မင်း သိမည်မဟုတ်ပေ။ သူက ရုတ်တရက် ခုန်အုပ်ပြီး မင်းတစ်ကိုယ်လုံးကို ဝါးမျိုလိုက်သည်။ ထို့အတွက်ကြောင့် သူ့ရဲ့ ပြစ်မှတ်ထားခံရမည်ကို လူတွေအများကြီးကြောက်ကြသည်။

တစ်ချို့တွေကတော့ သူ့နာမည်ကြားရုံနှင့် တုန်ယီသွားကြသည်။ သူတို့က မတော်တဆ သူသတိထားမိသွားမှာကို ကြောက်ကြသည်။ အချိန်တစ်ခုကြာပြီးနောက်မှာတော့ ဘယ်သူမှ သူ့နာမည်ကို မပြောကြတော့ပေ။

စုယီအန်းက ယန်ဖန်းကို အပြစ်မပြုမိဖို့ သတိတောင်ပေးထားသည်။

အဲ့တော့ ချူယန်က ယန်ဖန်းပေါ့?

အရင်က သူ့လူတွေကိုခေါ်ပြီး ယဲ့ချင်းရန်ကို ပြဿနာရှာပြီးနောက်မှာ နဂါးနန်းတော် အသိမ်းခံလိုက်ရသည်

ဒါက ချူယန်ရဲ့ သတိပေးချက်နှင့် ကလဲ့စားချေမှုဆိုတာ သိသာသည်။

အဲ့အချိန်တုန်းကတော့ သူ့ရဲ့ ကံဆိုးမှုကြောင့် ဒီအရေးကြီးလူက နဂါးနန်းတော်ကို ပြစ်မှတ်ထားတာလို့ တွေးမိသွားခဲ့သည်။

သူက ယဲ့ချင်းရန်ကို ဆန့်ကျင်မိလို့ ဖြစ်လာသည်ဆိုတာကို သူမထင်ထားခဲ့ပေ။ သူရှာနေတဲ့ ယန်ဖန်းဆိုတာက ချူယန်ဆိုတာကိုလည်း သူတကယ်မထင်ထားခဲ့ပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now