Chapter 276: A Strange Dream

3.5K 542 14
                                    

UNICODE

တိတ်ဆိတ်သည့် ညတစ်ညဖြစ်သည်။

ယဲ့ချင်းရန်က ကောင်းကောင်းအိပ်ပျော်သည့်ဟန်မရှိပေ။ အိပ်မက်ဆိုးထဲ ပိတ်မိနေသလိုပင်။

သူမ ဘာကို အိပ်မက်မက်နေလဲဆိုတာတော့ မသိရပေ။ သူမနဖူးမှာ ချွေးအေးတွေဖြင့် ဖုံးနေကာ မသက်မသာဖြစ်နေ၏။ သူမဘာသာလည်း အကြိမ်ကြိမ်ရေရွတ်နေ၏။

ချူယန်က မအိပ်ရသေးပေ။ သူဝင်လာချိန်မှာ ယဲ့ချင်းရန်ဒီလိုဖြစ်နေတာ သူမြင်လိုက်ရတော့ သူမကို နှိုးချင်ပေမယ့် သူမက မုချင်းရွဲနာမည်ကို ခေါ်နေတာ သူကြားလိုက်ရသည်။ "မုချင်းရွဲ မုချင်းရွဲ..."

သူမရဲ့အိပ်မက်ဆိုးထဲတွင် မုချင်းရွဲကို မက်နေသည်။ သူမက ဘာကို အိပ်မက်မက်နေတာလဲ?

သူမလက်ကို သူကိုင်လိုက်ရင်း "ကလေး ထ..."

ယဲ့ချင်းရန်က မနိုးတဲ့အပြင် သူမလက်ကို သူကိုင်ထားတဲ့အတွက် ပိုပိုပြီး တင်းကျပ်လာသည်။

သူမက မုချင်းရွဲကို အိပ်မက်မက်နေသည်။ ဝတ္ထု၏ ဇာတ်လိုက်မအနေနှင့် မုချင်းရွဲက အဓိကဇာတ်ကောင်၏ ရောင်ဝါကို ရှိနေသည်။ ဗီလိန်ဇာတ်ရန်လေး သူမက မုချင်းရွဲနှင့် ဘယ်လိုပဲရင်ဆိုင်ရင်ဆိုင် မုချင်းရွဲက အမြဲလွတ်မြောက်နိုင်သည်။

အဆုံးမှာ သူမ ပြန်လာနိုင်သည့် အခွင့်အရေးကို အမြဲရှိသည်။

ဇာတ်လိုက်မအဝေးကနေပြေးပြီး ထွက်ပြေးဖို့ သူမလည်း တွေးမိသည်။

သို့ပေမယ့် အသုံးမဝင်ပေ။

ဇာတ်လိုက်မက သူမအား ရန်သူတစ်ယောက်လို သတ်မှတ်ထား၏။ သူမက မုချင်းရွဲကို ရန်မစရင်တောင် မုချင်းရွဲက အရင် ရန်လာလာစသည်။

တစ်ကြိမ်ပြီး တစ်ကြိမ် အဆုံးမရှိပေ။ သူမက ဘယ်လိုနည်းလမ်းကို သုံးပါစေ သူမကိုခွါချလို့မရဖြစ်နေသည်။ သူမက ပြန်လှည့်ချင်ပေမယ့် လှည့်လို့မရပေ။ သူမက ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေချင်ပေမယ့် မုချင်းရွဲက အမြဲနည်းလမ်းတစ်ခုကို တွေ့နေတတ်သည်။

ချူယန်ကိုတောင် အိပ်မက်မက်ပေမယ့် အဲ့ချူယန်က ဒီချူယန်နှင့် ကွာခြားသည့်ပုံပေါ်နေ၏။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now