Chapter 228: Did You Miss Me? (2)

5.9K 828 11
                                    

UNICODE

အကြောင်းတစ်ချို့ကြောင့် ယဲ့ချင်းရန် သူမမျက်နှာလေး ပူလာသလို ခံစားလိုက်ရသည်။

သူမလက်တွေကို ချူယန်လည်ပင်းကို သိုင်းဖက်ပြီး အနည်းငယ်ချဲ့ကားသည့်ပုံဖြင့် ဖြေလာသည်။ "ညီမက အစ်ကို့ကို နည်းနည်းလေးပဲ လွမ်းတာမဟုတ်ဘူး။ အများကြီး အများကြီး လွမ်းတာ။ အစ်ကို့ကိုလွမ်းလွန်းလို့ နေ့တိုင်း ထမင်းပန်းကန်အကြီးကြီးနဲ့ အများကြီး စားနိုင်တာ"

ချူယန်က ရယ်လိုက်သည်။ "ကိုယ့်ကို အဲ့လောက်တောင် လွမ်းတယ်ပေါ့လေ"

ယဲ့ချင်းရန်က မျက်လွှာချပြီး သူ့မျက်ဝန်းထဲကို ကြည့်လိုက်သည်။ သူမအကြည့်က လေထဲမှာ မရေတွက်နိုင်တဲ့ ပန်းရောင်ပူဖောင်းတွေ လွင့်ပျံနေသလိုပင်။

သူမက လက်ဆန့်ပြီး ချူယန်မျက်နှာကို ညင်သာစွာကိုင်လိုက်ကာ သူမအကြည့်က သူ့နှုတ်ခမ်းဆီရောက်သွား၏။

ခေါင်းကိုငုံ့ပြီး အသာအယာဖိကပ်လိုက်သည်။

ပြီးနောက် ချက်ချင်း သူ့ပေါ်ကနေထပြီး သူ့ဘေးရှိ ခုံမှာ ထိုင်လိုက်သည်။ နီရဲနေသည့် မျက်နှာဖြင့် "ကောင်းပြီ ကောင်းပြီ ခဏနေ အကုန်ရောက်လာကြတော့မှာ"

အဲ့ညပြီးထဲက သူမ ချူယန်ကို မြင်ချိန်တိုင်း သူ့အကြောင်းတွေးချိန်တိုင်း သူမနှလုံးသားထဲ ချိုမြမှု ခပ်ဖျော့ဖျော့ကို ခံစားမိနေသည်။

ချူယန်က ဘာမှ မပြောပေ။ သူက ညင်သာစွာပြုံးပြီး သူမလက်ကို သူ့လက်ထဲ ဆုပ်ကိုင်ထားသည်။

သူ့အချစ်ကို ဤနည်းနှင့်ဖော်ပြပြီး သူမနှင့် နည်းနည်းလေးခွဲခွာရမှာကိုတောင် ဝန်လေးမိသည်။

ထိုအချိန်မှာပဲ သီးသန့်ခန်း၏ တံခါးဝကနေ စနောက်သည့်အသံတစ်သံထွက်လာသည်။ "အိုက်ယား မင်းတို့နှစ်ယောက်က အရမ်းကပ်နေတာပဲ"

ဟဲစီကျိုး ဘယ်ချိန်ထဲကရောက်ပြီး တံခါးဝကနေ ဘယ်လောက်ကြာကြာ ကြည့်နေလဲဆိုတာ မသိပေ။

အသံကြားတာနှင့် အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက အထဲကို လျှောက်ဝင်လာပြီဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now