Chapter 227: Did You Miss Me? (1)

4.9K 900 45
                                    

UNICODE

မနက်ခင်းအစောမှာ ယဲ့ချင်းရန် သူမရဲ့အခန်း၏ ဖုန်း Alarm ကြောင့်နိုးလာသည်။

ဒီနေ့က စစ်ရေးလေ့ကျင့်မှုရဲ့ ပထမဆုံးနေ့ဖြစ်သည်။ သူတို့မနိုးဘဲ နောက်ကျမှာစိုးလို့ တစ်ယောက်ချင်းစီတိုင်းက Alarm တွေ ပေးထားကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ယဲ့ချင်းရန် ထပေမယ့် သူတို့တွေကတော့ အိပ်ယာထဲ အပျင်းထူနေတုန်းဖြစ်သည်။

တက္ကသိုလ်ဘဝက စစ်ရေးလေ့ကျင့်မှုကနေစတာဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုကလည်း ဒီမနက်စတာဖြစ်၏။

တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုအပြီးမှာတော့ လူတိုင်း ဝိတ်ကျပြီး အသားတွေညိုကုန်ကြသည်။ စစ်ရေးလေ့ကျင့်မှုပြီးတာနှင့် ကျောင်းသားတွေအကုန် စိတ်သက်သာရာရသွားကြသည်။

ယဲ့ချင်းရန်လည်း အရမ်းကို ပင်ပန်းပြီး သူမအရိုးတွေတောင် ပြုတ်ကျတော့မလို ခံစားရပေမယ့်လည်း ပျော်ဖို့ ကောင်းသည်လို့ ခံစားရသည်။

စစ်ရေးလေ့ကျင့်မှုပြီးတာနှင့် ယဲ့ချင်းရန်က ကျောင်းမှာ အချိန်တစ်ခုလောက် မနေတော့ဖို့ ဆုံးဖြတ်ထားသည်။

ရှရှင်းက သူမအဆောင်ကို လာရတာ အရမ်းကြိုက်နေတာကို ဘာလို့လဲဆိုတာတော့ သူမ မသိပေ။ သူမအချိန်ရှိတိုင်း အဆောင်သို့လာသည်။

သူမက အကုန်လုံးထက် သာတယ်ဆိုတာကို အချိန်တိုင်းပြဖို့ ကြိုးစားနေသည်။

အလှည့်အပြောင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘဲ စိတ်ကောင်းပြီး ပွင့်လင်းသည့် ဝမ်ရှောင်ယွီသာ သူမကို သည်းခံပြီး သူငယ်ချင်းဖြစ်ချင်လိမ့်မည်။

ရှရှင်းရဲ့ အခန်းဖော်တွေက သူမကို သဘောမကျတာဖြစ်ကောင်းဖြစ်လိမ့်မည်။ ဝမ်ရှောင်ယွီက ရှိနေပြီးတော့ ရှောင်းဖေးယွဲ့နှင့် လီမင်မင်ကလည်း စိတ်ရင်းကောင်းကာ နူးညံ့ကြသူတွေဖြစ်သည်။

ထို့အတွက်ကြောင့်ပဲ သူမက သူတို့အဆောင်ကို လာရတာသဘောကျတာ ဖြစ်လိမ့်မည်။

သို့ပေမယ့် ယဲ့ချင်းရန်ရဲ့ ရှရှင်းအပေါ် ထင်မြင်ချက်က အရမ်းဆိုးသည့်အတွက် သူမကို မမြင်ချင်ပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now